Main menu

စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

               ရှမ်းပြည်နယ်(တောင်ပိုင်း)စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံး(အောင်ပန်း) မှ ခရိုင်ဦးစီးမှူး ဦးမြင့်နိုင် နှင့် ဝန်ထမ်းများသည် ၂၀၂၆ခုနှစ်၊ မတ်လ ၁၉ရက်နေ့၊ နံနက် ၁၀:၀၀နာရီ အချိန်တွင် အောင်ပန်းမြို့ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေး နှင့်‌လေ့ကျင့်ရေး ဦးစီးဌာန၊ နယ်စပ် ဒေသတိုင်းရင်းသား လူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းရှိ ကျောင်း ဆရာ၊ ဆရာမ များနှင့် သင်တန်းသား  (၂၅)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

            အဆိုပါဟောပြောပွဲတွင် ခရိုင်ဦးစီးမှူး မှ တက်ရောက်လာသော သင်တန်းကျောင်း ဆရာ၊ ဆရာမများ နှင့် သင်တန်းသားများကို စားသုံးသူကာကွယ်ရေး ဟောပြောပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကိုလည်းကောင်း၊ စားသုံးသူ၏အဓိပ္ပာယ်၊ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်တို့အား ဟောပြောခဲ့ကြောင်း၊ စားသုံးသူအခွင့်အရေး (၈)ချက် နှင့် လိုက်နာရမည့် တာဝန်များအကြောင်း၊ စားသုံး သူများသည် ကုန်စည် နှင့် ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုရာတွင် စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမှု ရှိခဲ့လျှင် တိုင်ကြားနိုင်မည့်နည်းလမ်းများ၊ ပြစ်မှုပြစ်ဒဏ်များ စသည့်အကြောင်းအရာများ ဟောပြောဆွေးနွေးခဲ့ကြောင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ 

  DOCA(ရှမ်း)