
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ပျော်ဘွယ် မြို့နယ်တာဝန်ခံ ဦးစန်းအောင်(ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (၁၁.၃.၂၀၂၆) ရက်နေ့၊ နံနက်(၁၁:၀၀)အချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ပျော်ဘွယ်မြို့ပေါ်ရပ်ကွက်နှင့် မြို့မဈေးကြီးအတွင်းရှိဆန်ဆိုင်များအားကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းရာတွင် ဆန်ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြှင့်မှုမှရှိစေရေးနှင့် ကုန်ဈေးနှုန်း များတည်ငြိမ်စေရေးတို့အတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်းများမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်၍သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများရှိ/မရှိစစ်ဆေးခဲ့ပြီး ဆန် အမျိုးအစား အလိုက်လက်ကျန်နှင့် ဈေးနှုန်းဈေးကွက်များကို စစ်ဆေးခဲ့ပါသည်။ထို့အပြင် ဆန်ဆိုင်များအနေဖြင့် သတ်မှတ်ဈေးနှုန်းဖြင့် ဆိုင်းဘုတ်တင်ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
