
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူ ကာကွယ်ရေးဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး အတွက်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက် လျှက်ရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံးမှ (၃.၃.၂၀၂၆)ရက်နေ့တွင် မိတ္ထီလာ မြို့နယ်နှင့်ပျော်ဘွယ်မြို့နယ်ရေသန့်လုပ်ငန်းများ၊ (၄.၃.၂၀၂၆)ရက်နေ့တွင် မိတ္ထီလာမြို့ရှိ ဆေးဆိုင်များတွင်ဆေးပစ္စည်းများ၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်စေရေး၊ (၅.၃.၂၀၂၆)မလှိုင်မြို့ ကုန်စုံဆိုင်များ၊(၆.၂.၂၀၂၆)တွင် ရမည်းသင်းမြို့ ကုန်စုံဆိုင်များတွင် အရန်သင့်အစားအစာများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး၊ (၆.၃.၂၀၂၆)ရက်နေ့တွင် ပျော်ဘွယ်မြို့ရေသန့်လုပ်ငန်းများ၊ (၉.၃.၂၀၂၆)ရက်နေ့တွင် သာစည်မြို့ကုန်စုံဆိုင်များ၊ ဝမ်းတွင်းမြို့ဆေးဆိုင်များ၊ (၁၀.၃.၂၀၂၆)ရက် နေ့တွင် မိတ္ထီလာမြို့ စားသောက်ကုန််လုပ်ငန်းများ၊ပျော်ဘွယ်မြို့ ရေသန့်လုပ်ငန်းများ၊ မလှိုင်မြို့ ဆေးဆိုင်များ၊သာစည်မြို့၊ကုန်စုံဆိုင်များ(၁၁.၃.၂၀၂၆)ရက်နေ့တွင် ရမည်းသင်းမြို့ ကုန်စုံဆိုင်များ တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
DOCA(မန္တလေး)
