
ကျောက်ပန်းတောင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ၁၈.၃.၂၀၂၆ ရက်နေ့၊ နေ့လယ် ၁၃:၀၀ နာရီအချိန်တွင် ဆန်အရောင်းဆိုင်များသို့ မိတ်ဖက်ဌာနများ ဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နယ်စည်ပင်သာယာရေးအဖွဲ့များဖြင့်ကွင်း ဆင်းစစ်ဆေးခဲ့ပါသည်။ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဝင်းထိုက်ဆန်ပွဲရုံ ဆန်လက်လီ၊လက်ကား အရောင်းဆိုင်တွင် ရောင်းချနေသော ဆန်အမျိုးအစားများမှာ ဘိုပေါ်ဆန်းဆန်(၂၄)ပြည်တစ်အိတ်လျှင် (၁၉၀၀၀၀) ကျပ်၊ ဧရာပဒေသာ(၂၄)ပြည်တစ်အိတ်လျှင်(၁၃၅၀၀၀) ကျပ်၊ ဧည့်မထ(၂၄)ပြည် တစ်အိတ်လျှင် (၆၅၀၀၀)ကျပ်၊ အညာသား (၂၄)ပြည်တစ်အိတ် လျှင်(၇၀၀၀၀)ကျပ်၊ ဖန်သီးသုခ(၂၄)ပြည် တစ်အိတ် လျှင်(၈၅၀၀၀)ကျပ်များဖြင့် ရောင်းချပြီး ၎င်းဆန်များကို ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးများမှ ဝယ်ယူရောင်းချ လျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရသည်။
ဆန်ဈေးနှုန်းများ သင့်တင့်မျှတသော ဈေးနှုန်းဖြင့်ရောင်းချလျှက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဝင်းထိုက် ဆန်ပွဲရုံပိုင်ရှင် ဒေါ်ခင်သီသီ အား ဈေးကွက်အတွင်း ဆန်များပြတ်လပ်မှု မရှိစေရေး၊ ဈေးနှုန်းကြီးမြင့်ရောင်းချမှုမရှိစေရေး၊ ဈေးနှုန်းများတည်ငြိမ်စေရေး၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန် စသည်တို့ကို ဆွေးနွေးပြောကြားခဲ့ပါသည်။
DOCA(မန္တလေး)
