Main menu

“လားရှိုးမြို့ရှိ ကိတ်မုန့်နှင့် မုန့်မျိုးစုံထုတ်လုပ်သည့် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေး”

Powered by Drupal

                ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ ကိတ်မုန့်နှင့်မုန့်မျိုးစုံ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် လုပ်ငန်းရှင်များအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းသောမုန့်များ ထုတ်လုပ်နိုင်စေရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေး ဆွေးနွေးပွဲကို (၃၀.၃.၂၀၂၆) ရက်နေ့၊ နေ့လည် (၁၃:00) နာရီတွင် လားရှိုးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

              အဆိုပါဆွေးနွေးပွဲတွင် ဒုတိယပြည်နယ်ဦးစီးမှူးမှ ကုန်ညွှန်းအမှတ်အသားများဖြစ်သော ကိတ်မုန့်နှင့် မုန့်ထုပ်များပေါ်တွင် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်၊ ပါဝင်ပစ္စည်းနှင့် ထားသိုသိမ်းဆည်းပုံလမ်းညွှန်ချက်များကို မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြရန်နှင့် မုန့်ဖုတ်ရာ တွင် ခွင့်မပြုထားသည့် ဆိုးဆေးများနှင့် ကျန်းမာရေး ထိခိုက်စေနိုင်သော တာရှည်ခံပစ္စည်းများ အသုံးပြုခြင်းမှရှောင်ကြဉ်ရန် ပြောကြားခဲ့ပြီးနောက်၊ လုပ်ငန်းရှင်၏ တာဝန်များဖြစ်သော စားသုံးသူ ကို နစ်နာဆုံးရှုံးမှု ဖြစ်စေပါက စားသုံးသူကာကွယ်ရေး ဥပဒေအရ အရေးယူခံရနိုင်သည့် အချက် များနှင့် လုပ်ငန်းရှင်များ လိုက်နာရမည့် ကျင့်ဝတ်များ ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

             အဆိုပါ ဆွေးနွေးပွဲသို့ လားရှိုးမြို့ပေါ်ရှိ ကိတ်မုန့်တိုက်ပိုင်ရှင်များနှင့် မုန့်ဖုတ်လုပ်ငန်းရှင် (၂၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး မိမိတို့ထုတ်လုပ်သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းရေးနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ခဲ့ကြကြောင်း သိရှိရပါသည်။ စားသုံးသူများအနေဖြင့်လည်း မုန့်များဝယ်ယူရာတွင် ကုန်ညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်ခြင်း ရှိ၊ မရှိကို သတိပြုဝယ်ယူကြရန် တိုက်တွန်းနှိုးဆော်ပြီး အစည်းအဝေးအား ရုတ်သိမ်းခဲ့ကြောင်း သိရှိပါသည်။

DOCA(ရှမ်း)