
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း (၂) ဦးတို့သည် ဆေးနှင့်ဆေး ပစ္စည်းများအား လက်ကားဈေးပေါ်တွင် ဒေသပေါက်ဈေးထက် ဈေးနှုန်းပိုမိုအမြတ်တင်ပြီး လက်လီ ရောင်းချနေမှုအပေါ် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူ များနှင့်အတူ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့တွင် စစ်ကိုင်းမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များဖြစ်သော “နန္ဒဝန်”နှင့် ”ဆေးဘုရင်”ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင် “နန္ဒဝန်”နှင့်”ဆေးဘုရင်”ဆေးဆိုင်များအနေဖြင့် ကုမ္ပဏီများမှ ခွဲတမ်းရရှိမှု အပေါ်မူတည်၍ ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းထိ အမြတ်တင်ရောင်းချခြင်းများ ရှိသလို ဆေးကဒ် တစ်ကဒ်အား ၁၀ဝိ/- မှ ၂၀ဝိ/- ထိ အရေအတွက်ပေါ်မူတည်၍သာ အမြတ်ယူ ရောင်းချကြကြောင်း၊ ကုမ္ပဏီများထံမှ ဝယ်ယူရသည့် ဈေးနှုန်းအပေါ်အခြေပြု၍ ဈေးနှုန်းအပြောင်း အလဲများဖြစ်ပေါ် လျက်ရှိကြောင်း၊ အဆိုပါ ဆေးဆိုင်(၂)ဆိုင်မှ သောက်ဆေး၊ ထိုးဆေး အပါအဝင် အမျိုးအစားတူ ဆေးဝါးအမျိုးအစား(၇၀၀)နီးပါးရှိကြောင်း သိရှိရပြီး စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက ဆေးအရောင်းဆိုင် ပိုင်ရှင်များအနေဖြင့်တရားဝင်ဆေးဝါးမှတ်ပုံတင်လျှောက်ထား ရရှိပြီးသော ဆေးဝါးများကို တင်သွင်းဖြန့်ဖြူးရောင်းချရန်နှင့် ဆေးနှင့်ဆေးပစ္စည်းများကို ဈေးနှုန်း မြှင့်တင် ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မပြုလုပ်ရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA( စစ်ကိုင်း)
