Main menu

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံး၌ ဒုတိယညွှန်ကြားရေးမှူးချုပ်-၁ ဦးကျော်ကျော်လွင်မှ စစ်ကိုင်းခရိုင်ရှိ ပြည်သူဆီထုတ်ကိုယ်စားလှယ်များနှင့် စက်မှုလုပ်ငန်းသုံးဆီထုတ်ကိုယ်စားလှယ်များနှင့်တွေ့ဆုံခြင်း

Powered by Drupal

                 စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်၊ ရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူးချုပ်-၁ ဦးကျော်ကျော်လွင်သည် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့ နေ့လည်(၁၃း၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံး၌ စစ်ကိုင်းခရိုင်ရှိ ပြည်သူဆီထုတ် ကိုယ်စား လှယ်များနှင့် စက်မှုလုပ်ငန်းသုံးဆီထုတ်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ဒုတိယညွှန်ကြားရေးချုပ်-၁ ဦးကျော်ကျော်လွင်မှ မိမိအနေဖြင့်  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၏တာဝန်ပေးချက်အရမန္တလေးမြို့နှင့်စစ်ကိုင်းမြို့တွင်စားအုန်းဆီ(၁)ပိဿာ (၁၆၀၀၀/၁၇၀၀၀/၁၈၀၀၀)ကျပ်ဖြစ်နေ၍ မြေပြင်အခြေအနေ ကွင်းဆင်းစိစစ်တင်ပြရန် လာရောက်ရခြင်းဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းအနေဖြင့် ဆီထွက်သီးနှံ စိုက်ပျိုးထွက်ရှိမှုများသည့် တိုင်းဖြစ်၍ တန်(၇၀၀) သာခွဲတမ်းပေးနိုင်ကြောင်း၊ ပေးထားသည့် ခွဲတမ်းအနေဖြင့်လည်း နည်းပါကြောင်း၊ ခွဲတမ်းရသည့်ဆီများအား သတ်မှတ်သည့် တိုင်း/နေရာဒေသသို့ အရောက်သယ်၍ သတ်မှတ်ဈေးနှုန်းဖြင့် ပြည်သူလက်ဝယ်အရောက် ရောင်းချရန်လိုအပ်ကြောင်း၊ စက်မှုလုပ်ငန်းသုံးဆီများအားလည်း သက်ဆိုင်ရာလုပ်ငန်းတွေဆီ ဖြန့်ဖြူးရောင်းချပေးရမှာဖြစ်ကြောင်း၊ မိမိဒေသသို့သာ အရောက်သယ်၍ သတ်မှတ်ရည်ညွှန်း ဈေးနှုန်းဖြင့် ရောင်းချကြရမှာဖြစ်ကြောင်း၊ စားအုန်းဆီသည် အရေးကြီးကုန်စည်ဖြစ်သည့်အတွက် အတိုင်ခံရ၍ ပြဿနာတစုံတရာဖြစ်ပါက လုံးဝအာမခံ မရကြောင်း၊ အနည်းဆုံး ထောင်ဒဏ် (၆)လ မှ (၂)နှစ်ထိ ချမှတ်နိုင်ကြောင်း၊ မြန်မာနိုင်ငံမှာနေလျှင် မြန်မာနိုင်ငံ၏ ပြဌာန်းထားသော ဥပဒေ၊ မူဝါဒများကို လိုက်နာရမည်ဖြစ်ကြောင်း၊ စားသုံးဆီသည် သခင်ချစ်ပါကြောင်း၊ အကျိုးအမြတ် လည်းရှိပါကြောင်း၊ ဆီကိုနေရာတိုင်းမှာ မပါမဖြစ်အသုံးပြုမှု များသလို ကောင်းကျိုးများစွာရှိကြောင်း၊ ဆီလုပ်ငန်းရှင်များအနေဖြင့် သမာအာစီဝကျပြီး အတ္တနှင့် ပတ္တမျှတအောင် လုပ်ဆောင်ကြရန် လိုကြောင်း ဆွေးနွေးပြောကြားပါသည်။

                      စက်မှုလုပ်ငန်းသုံးဆီထုတ်ကိုယ်စားလှယ်များအနေဖြင့်လည်း လိုအပ်သလောက်သာ တင်ပြ တောင်းခံသွားကြရန်၊ စက်မှုဆီ တစ်ပြည်လုံးလိုအပ်ချက်မှာ တန်ချိန်(၁၀၀၀၀)ဖြစ်သော်လည်း လျှောက်ထားချက်မှာ တန်ချိန်(၄၀၀၀၀)ကျော် ဖြစ်နေပါကြောင်း၊ မိမိတို့အနေဖြင့် တစ်လ တန်ချိန် (၁၅၀၀၀) ကို တစ်လလုံးစာ တစ်ခါတည်း ခွဲရတာမဟုတ်ကြောင်း၊ တစ်ကြိမ်ခွဲလျှင် တန်ချိန်(၃၀၀၀/ ၄၀၀၀) သာခွဲတမ်းချရသည်ဖြစ်၍ တစ်ဦးချင်း (၁)ပေပါနှုန်းဖြင့် ဦး(၂၀၀) တောင်းမည့်အစား (၂၀)ဦး ပေပါ (၂၀၀)နှုန်းဖြင့်တောင်းခံပါက မိမိတို့အနေဖြင့် ခွဲတမ်းချရမှာ   လွယ်ကူကြောင်း၊ ဥပမာ-လုပ်ငန်းရှင် (၂၀၀)ဦး (၁)ပေပါနှုန်းအား (၁၀%)ချပေးလျှင် တစ်ဦးလျှင် (၁၀)ကျပ်သားနှုန်းသာ ရမည်ဖြစ်၍ မိမိတို့မှာ အနည်းဆုံး (၁) ပေပါသာ ချခွင့်ရှိကြောင်း၊  Supply နှင့် Demand မျှဘို့ လိုကြောင်း ဆွေးနွေးပြောကြားပါသည်။

            နှစ်စဥ် နိုဝင်ဘာလမှ ဖေဖော်ဝါရီလထိ ဆီဈေးနှုန်းကျတတ်၍ ထုတ်ယူမှုနည်းကြောင်း၊ ကျန်လများတွင် ထုတ်ယူမှုများကြောင်း၊ ဈေးကျသည်ဖြစ်စေ၊ ဈေးတက်သည်ဖြစ်စေ ရရှိသည့် ခွဲတမ်းဆီများအား အပြည့်အဝ ကိုယ့်မြို့နယ်ကိုယ်သယ်၍  လက်ဝယ်အရာက်ရောင်းချကြရန် လိုကြောင်း၊  မိမိလာသည်မှာ အချက်ပေးခေါင်းလောင်း လာထိုးတာဖြစ်ကြောင်း၊ ယခုမိမိလာသည့် အချိန်မှစ၍ ကိုယ်စားလှယ်များအနေဖြင့် မလိုလားအပ်သော ဘေးဒုက္ခများ မကျရောက်အောင် ဆီနှင့်ပတ်သတ်၍ သတ်မှတ်ချက်များအတိုင်း သယ်ယူဖြန့်ဖြူးရောင်းချခြင်းကို မှီတဲ့နေရာက လိုက်နာဆောင်ရွက်ကြပါစေလိုကြောင်း ပြည်သူဆီနှင့်စက်မှုဆီကိစ္စ ဆောင်ရွက်ရန်အတွက် တိုင်းဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းကို မာမာခြာခြာ ဖွဲ့စည်းဆောင်ရွက်သွားရန် လိုကြောင်း၊ နောင်တချိန်တွင် အစိုးရဆိုဒ်က နောက်ဆုတ်ပြီး အသင်းများက ဦးဆောင်၍ လုပ်ကိုင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း တွေ့ဆုံပြောကြားခဲ့ပါကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)