Main menu

စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများ မုံရွာကုန်စည်ဒိုင်သို့ သွားရောက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံ

Powered by Drupal

               ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ရက် (တနင်္လာနေ့) နံနက်ပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊  အောင်မင်္ဂလာရပ်ကွက်ရှိ မုံရွာကုန်စည်ဒိုင်သို့ သွားရောက် လေ့လာခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ တိုင်းဒေသကြီးဦးစီးမှူးနှင့် အဖွဲ့ဝင်များအား ကုန်စည်ဒိုင်မှ တာဝန်ရှိသူများက ကုန်စည်ဒိုင်ဖွဲ့စည်းလည်ပတ်မှုအခြေအနေများကို ရှင်းလင်းတင်ပြပါ သည်။ ထို့နောက် တိုင်းဒေသကြီးဦးစီးမှူးနှင့် အဖွဲ့ဝင်များသည် ကုန်စည်ဒိုင်တွင် ရောင်းဝယ်ဖောက်ကားလျက် ရှိသော ပဲ၊ နှမ်း၊ ပြောင်း သီးနှံများကို လိုက်လံကြည့်ရှုခဲ့ရာ ကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများက လိုက်လံ ပြသခဲ့ကြောင်း သိရသည်။

          မုံရွာကုန်စည်ဒိုင်သည် မုံရွာကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ  ၁၉၈၉ ခုနှစ် ဝန်းကျင်တွင်  စတင်ဖွဲ့စည်း တည်ထောင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် စီးပွားရေးအချက်အခြာ ကျသော ကုန်စည်ဒိုင်တစ်ခုဖြစ်ကြောင်း၊ ယခုလက်ရှိတွင် မတ်ပဲ၊ ပဲတီစိမ်း(ကြီး)၊ ပဲတီစိမ်း(သေး)၊ ပဲစဉ်းငုံ(နီ)၊ ကုလားပဲ (V2)၊ ကုလားပဲ (ထိုင်ဝမ်)၊ စွန်တာနီ၊ စွန်တာပြာ၊ မြေပဲလုံးဆန်၊ နှမ်းဖြူ၊ နှမ်းညို၊  ပြောင်း (CP)  တို့ကို ပုံမှန် အရောင်းအဝယ် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)