
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် စားသုံးသူများ၏ အခွင့်အရေးကိုကာကွယ် ပေးနိုင်သည့်အပြင် ကျန်းမာရေးအန္တရာယ်များကိုလည်း လျော့နည်းစေနိုင်ရန်ရည်ရွယ်၍ ဆေးရွက်ကြီးနှင့် ဆေးလိပ်အမျိုးမျိုးအား ဈေးကွက်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို သက်ဆိုင် ရာဌာနများပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုကို သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် စားသုံးသူ ရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်းတစ်ဦးတို့ ပူးပေါင်းဖွဲ့စည်း ထားသည့် စစ်ဆေးရေးအဖွဲ့မှ ကန့်ဘလူမြို့နယ်အတွင်းရှိ စျေးဆိုင်များ၊ ကုန်စုံဆိုင်များနှင့် ဆေးလိပ် ရောင်းချသည့်ဆိုင်များတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ စစ်ဆေးရာတွင် ဆေးရွက်ကြီးနှင့် ဆေးလိပ်အမျိုးမျိုးတွင် ထုပ်ပိုးပစ္စည်းပေါ်တွင် ကျန်းမာရေးသတိပေးစာတမ်းများ၊ ရုပ်ပုံများ၊ ပြည့်စုံစွာဖော်ပြထားမှုရှိမရှိနှင့် အသက်အရွယ်မပြည့်သေးသူများထံ ရောင်းချခြင်းရှိမရှိတို့ကို အဓိက ထားစစ်ဆေးခဲ့ကြသည်။
ထို့ပြင် တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ “စားသုံးသူများအနေဖြင့် မိမိတို့၏ ကျန်းမာ ရေးကို ထိခိုက်စေနိုင်သော အရည်အသွေးမပြည့်မီသည့် ဆေးရွက်ကြီးနှင့် ဆေးလိပ်များ မဝယ်ယူမိ စေရန်၊ တရားဝင်အမှတ်တံဆိပ်နှင့် ကျန်းမာရေးသတိပေးစာတမ်းပါရှိသည့် ထုတ်ကုန်များကိုသာ ရွေးချယ်ဝယ်ယူသုံးစွဲကြရန် အရေးကြီးပါသည်” ဟုအသိပေးပြောကြားခဲ့ကြောင်း၊ ဈေးကွက်စောင့် ကြည့်စစ်ဆေးမှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး စည်းမျဉ်းစည်းကမ်းမလိုက်နာသည့် လုပ်ငန်းရှင်များအား သက်ဆိုင်ရာဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်းလည်း သိရသည်။
DOCA(စစ်ကိုင်း)
