
စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)သည် ၁၀-၄-၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင် (၁)ဦးနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ရန် အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ထိုသို့ ဆွေးနွေးရာတွင် ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)က ၂၀၁၉ခုနှစ် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်နှင့် ဝန်ဆောင်မှု၏ အဓိပ္ပါယ်ဖွင့်ဆိုချက်အကြောင်း၊ အခန်း(၁၀)၊ပုဒ်မ ၂၁ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း ၊ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှု ၊ ကုန်စည်/ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းအကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေနှင့်ပတ်သက်သည့် အမိန့်ညွှန်ကြား ချက်များအကြောင်း၊ အီလက်ထရောနစ် အငွေ့ ရှူစက်ဖြစ်သည့် အီလက်ထရောနစ်စီးကရက်၊ ယင်းအီလက်ထရောနစ်စီးကရက်ကဲ့သို့ အလားတူပစ္စည်း များအကြောင်း၊ စားသုံးဆီနှင့်ပတ်သက်၍ သတ်မှတ်ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအကြောင်း၊ အွန်လိုင်းစီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် အချက်များအကြောင်း၊ အွန်လိုင်း ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများသုံးစွဲရာတွင် သတိပြုဆောင်ရွက်သင့်သည့် အချက်များအကြောင်း၊ တားမြစ်ချက်များ၊ ပြစ်မှု ပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကချင်)
