
စားသုံးသူရေးရာဦးစီးဌာန ပြည်ခရိုင်ဦးစီးမှုးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ပြည်ခရိုင် စားအုန်းဆီဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်အသင်းမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ပြည်မြို့ပေါ်ရှိ စားအုန်းဆီ လက်လီ/လက္ကားဆိုင်များသို့ မြေပြင်ကွင်း ဆင်း၍ ပြည်သူများသို့ ခွဲတမ်ရ စားအုန်းဆီရောင်းချပေးမှုအခြေအနေအား စစ်ဆေးခဲ့ကြပါသည်။
ထို့သို့မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ခွဲတမ်းရစားအုန်းဆီများရောင်းချသည့် လက်လီ ဆိုင်များ အနေဖြင့် သတ်မှတ်ထားသော်စျေးနှုန်းဖြင့် အိမ်ထောင်စုအလိုက်အား စားအုန်းဆီ ဝယ်ယူခွင့်စာအုပ်များဖြင့် စနစ်တကျ ရောင်းချပေးလျှက်ရှိကြောင်းတွေ့ရှိရပြီး နေ့စဉ်ရောင်းချသည့် စျေးနှုန်းများကိုလည်း vinyl များဖြင့်ချိတ်ဆွဲ၍ရောင်းချလျှက်ရှိပါကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါသည်။ ဆက်လက်ပြီး မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များသည် ပြည်မြို့ပေါ်ရှိ ကုန်စုံဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းများဆက်လက်ဆောင်ရွက်ခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာန ပြည်ခရိုင် ဦးစီးမှူးရုံးအနေဖြင့် နောက်ရက်များတွင်လည်း ပြည်ခရိုင်အတွင်းရှိမြို့နယ်များ၌ စားအုန်းဆီ လက်လီ/လက်ကားဆိုင်းများနှင့်ကုန်စုံဆိုင်းများသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)
