
စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုအရ ပြည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနဆိုင်ရာများဖြစ်ကြသည့် ခရိုင် FDA မြို့နယ်ထွေအုပ်၊ မြို့နယ်စည်ပင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ပြည်မြို့နယ်အတွင်းရှိ ဆေးဝါးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်၍ မြို့နယ်အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဖြင့် ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
အဖွဲ့အနေဖြင့် ဆေးဝါးနှင့် ဆေးပစ္စည်းမျးအား ဈေးကစားရန် ရည်ရွယ်၍ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ သိုလှောင်ခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း၊ တိုင်းရင်းဆေးများတွင် တိုင်းရင်း ဆေးကုဌာန၏ ဆေးဝါးထုတ်လုပ်ခွင့် လိုင်စင်ပါဝင်မှုရှိ/ မရှိ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။
DOCA(ပဲခူး)
