Main menu

အောင်မြင်ဦးရွှေပုံတောင်သောက်ရေသန့်နှင့် မြင့်မိုရ်ဦး မန်ကျည်းဖလိပ်လုပ်ငန်းတို့အား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုး (ဌာနခွဲစာရေး)သည် မကွေးတိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီ၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေး အဖွဲ့တို့နှင့်ပူးပေါင်း၍ (၆.၄.၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၅:၃၀)အချိန်တွင် အမှတ်(၁)ရွှေပုံတောင် ရပ်ကွက်ရှိ အောင်မြင်ဦးရွှေပုံတောင် သောက်ရေသန့်နှင့် မြင့်မိုရ်ဦး မန်ကျည်းဖလိပ်လုပ်ငန်းများသို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အောင်မြင်ဦးရွှေပုံတောင်သောက်ရေသန့်နှင့် မြင့်မိုရ်ဦး မန်ကျည်းဖလိပ်လုပ်ငန်းတို့တွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်နေမှုများရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်၊ သတ်မှတ်ထားသောစံချိန်စံညွှန်းပြည့်မီအောင်ထုတ်လုပ် နိုင်ရေး အလေးထားဆောင်ရွက်စေလိုခြင်းများ၊ မြန်မာဘာသာနှင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြား ဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသား များ ပြည့်စုံမှန်ကန်စွာပါရှိမှုရှိ/မရှိ စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပြီး အောင်မြင်ဦးရွှေပုံတောင်သောက်ရေ သန့်နှင့် မြင့်မိုရ်ဦး မန်ကျည်းဖလိပ် လုပ်ငန်းတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိ ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(မကွေး)