
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ပေါ်ရှိ စက်သုံးဆီဖြန့်ဖြူးရောင်းချလျက်ရှိသော စက်သုံးဆီအရောင်းဆိုင်ကြီးများသို့ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်တာဝန်ခံ ဒေါ်တင်တင်လှ (လ/ထညွှန်ကြားရေးမှူး)သည် (၃.၄.၂၀၂၆)ရက်နေ့၊ နေ့လယ် (၁၃:၃၀)အချိန်တွင် စက်သုံးဆီအမျိုး အစားအလိုက် ဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့များဖြင့်ပူးပေါင်း၍ ကွင်း ဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စားသုံသူရေးရာဦးစီးဌာနတို့ သည် မကွေးမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်ကြီး (၅)ဆိုင်အနေဖြင့် စက်သုံးဆီအမျိုးအစားအလိုက် ရောက်ရှိမှု၊ ဖြန့်ဖြူးမှုအား ညွှန်ကြားချက်များအတိုင်း စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ရေးနှင့် စျေးနှုန်း မြှင့်တင်ရောင်းချခြင်းများမရှိစေရေး၊ သတ်မှတ်ရည်ညွှန်းစျေးနှုန်းအတိုင်း ဆီအမျိုးအစားအလိုက် ဖြန့်ဖြူးရောင်းချစေရေး၊ စက်သုံးဆီများပြတ်လပ်မှုမရှိစေရေးကွင်းဆင်းစစ်ဆေးခဲ့ရာ စစ်ဆေးခဲ့သည့် ဆိုင်များတွင်စက်သုံးဆီများ ပုံမှန်ရောက်ရှိလျက်ရှိပြီး စုံ၊ မ ခွဲခြားထားသည့် စည်းကမ်းချက်များနှင့်အညီ စုံ၊ မ ရက်အလိုက် တန်းစီစနစ်ဖြင့်ရောင်းချလျက်ရှိပြီး ဆီများပြတ်လပ်မှုမရှိကြောင်းနှင့် သင်္ကြန်ကာလ များတွင်လည်း ပြည်သူများ အဆင်ပြေစေရန်အတွက် DENKO-1 နှင့် DENKO-2 တို့မှ ဖွင့်လှစ်ရောင်းချ ပေးမည်ဖြစ်ကြောင်း မေးမြန်းသိရှိရပါသည်။
DOCA(မကွေး)
