
ရမည်းသင်းခရိုင်အတွင်း ခွဲတမ်းရစားအုန်းဆီများ ဖြန့်ဖြူးရောင်းချလျှက်ရှိသော လက်ကား ကိုယ်စားလှယ်များနှင့်ပူးပေါင်း၍ ၎င်းတို့ဖြန့်ဖြူးထားသော သက်ဆိုင်ရာမြို့နယ်လက်လီအရောင်းဆိုင် များသို့ ကွင်းဆင်းကြီးကြပ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
(၁၇.၃.၂၀၂၆) ရက်နေ့တွင် ရမည်းသင်းမြို့နယ်မှ လက်လီအရောင်းဆိုင်များလည်းကောင်း၊ (၁၈.၃.၂၀၂၆) ရက်နေ့တွင် ပျော်ဘွယ်မြို့နယ် လက်လီအရောင်းဆိုင်များအားလည်းကောင်းသက်မှတ်ရည်ညွှန်းဈေးနှုန်းနှင့်အညီ ရောင်းချမှုရှိ/မရှိရရှိသည့်အရေတွက် အတိုင်းရောင်းချမှုရှိ/မရှိ၊ အလေးချိန် အချင်အတွယ် မှန်ကန်မှုရှိ/မရှိ ဗီနိုင်းများချိတ်ဆွဲ ရောင်းချမှုရှိ/မရှိကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။
ထိုသို့ မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် လက်လီအရောင်းဆိုင်များအနေဖြင့် ခွဲတမ်းရ စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းနှင့်အညီ ရောင်းချလျှက်ရှိပါကြောင်း၊ အိမ်ထောင်စုအလိုက်စားအုန်းဆီဝယ်ယူခွင့်စာအုပ်များဖြင့် စနစ်တကျပုံမှန် ရောင်းချလျှက်ရှိပါကြောင်း၊ လမ်းညွှန်မှာကြားချက်များအတိုင်း နေ့စဉ်ရောင်းချသည့် ဈေးနှုန်းများအား ဗီနိုင်းများကပ်၍ ရောင်းချ နေသည်ကို တွေ့ရှိရပါသည်။
DOCA(မန္တလေး)
.
