
စားသုံးသူရေးရာဦးစီးဌာနသည် ဆေးနှင့်ဆေးပစ္စည်းများအား ဈေးနှုန်းအဆမတန် မြှင့်တင် ရောင်းချမှုမရှိစေရေးနှင့် ပစ္စည်းပြတ်လပ်မှုမရှိစေရေးတို့အတွက် အပတ်စဉ် ကွင်းဆင်းစိစစ်ကြပ်မတ် ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန မကွေး/ချောက်ခရိုင်တာဝန်ခံသည် (၆.၄.၂၀၂၆) ရက်နေ့၊ နံနက်(၀၉:၃၀)မှ(၁၂:၀၀)နာရီအထိ မကွေးမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ အား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ဆေးဆိုင် များအား ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် ဆေးဆိုင်များသန့်ရှင်းသပ်ရပ်မှုရှိ/မရှိ၊ ဆေးဆိုင်လိုင်စင်သက်တမ်းတိုး စစ်ဆေးခြင်းနှင့် ထိန်းချုပ်ဆေးဝါးများ ထားသိုသိမ်းဆည်းမှု မှတ်ပုံတင်စာရင်းများအား စစ်ဆေးခြင်း၊ တရားမဝင်မှတ်ပုံတင်မဲ့ဆေးဝါးများရောင်းချခြင်းရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများရောင်းချခြင်းရှိ/မရှိ၊ ဆေးနှင့် ဆေးပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ ဆေးဈေးနှုန်းများမြှင့်တင်ရောင်းချ ရန်ရည်ရွယ်ချက်ဖြင့် ဆေးများစုပုံသိုလှောင်ထားခြင်းရှိ/မရှိနှင့် ဆေးများပစ္စည်းပြတ်လပ်မှုရှိ/မရှိ တို့အားစစ်ဆေးကြပ်မတ်ခဲ့ပြီး အချို့ဆေးဆိုင်များအနေဖြင့် ပြည်သူများ ဝယ်ယူသုံးစွဲရလွယ်ကူစေရန် အတွက် သင်္ကြန်ကာလအတွင်း ပိတ်ရက်မရှိ ဖွင့်လှစ်ရောင်းချပေးမည်ဖြစ်ကြောင်း မေးမြန်းသိရှိရပြီး ဆိုင်ရှင်များအား အခန်း(၁၀)၊ ပုဒ်မ (၂၁)ပါ စီးပွားရေးလုပ်ငန်းရှင်၏ ကျင့်ဝတ်(၁၁)ချက် တို့နှင့်အညီ ရောင်းချရန် အသိပညာပေးရှင်းလင်း ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
