Main menu

မော်လမြိုင်ခရိုင် ဓာတ်မြေဩဇာအစားထိုးထုတ်ကုန် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများ အသင်းဖွဲ့စည်း

Powered by Drupal

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ဓာတ်မြေဩဇာအစားထိုးထုတ်ကုန် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများ အသင်းဖွဲ့စည်းခြင်း အစည်းအဝေးကို ၇.၁၂.၂၀၂၂ ရက်နေ့တွင် မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ သဘာဝမြေဩဇာထုတ်လုပ်သည့် လုပ်ငန်းရှင်များ၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ စုစုပေါင်း (၁၆) ဦးတက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက မိမိတို့ဌာနအနေဖြင့် အသင်းအဖွဲ့များ အားကောင်းရေးကို ဝိုင်းဝန်းကူညီဆောင်ရွက်သကဲ့သို့ တစ်ဖက်တွင်လည်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုကဲ့သို့ ဓာတ်မြေဩဇာအစားထိုးထုတ်ကုန် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများအသင်း ကို ကြိုဆိုပါကြောင်း၊ ပြည်တွင်း၌ သဘာမြေဩဇာများ၊ ကွန်ပေါင်းမြေဩဇာများထုတ်လုပ်ခြင်းဖြင့် ပြည်ပမှ ဓာတ်မြေဩဇာတင်သွင်းမှုကို လျော့ချနိုင်မည်ဖြစ်ကြောင်း၊ ဈေးကွက်ရှာဖွေချိတ်ဆက်မှုတွင် အခက်အခဲရှိလျှင် ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက်တက်ရောက်လာသော သဘာဝမြေဩဇာထုတ်လုပ်သည့်လုပ်ငန်းရှင်များက ဥက္ကဌ၊ ဒုဥက္ကဌ၊ ဘဏ္ဍာရေးမှူး၊ အတွင်းရေးမှူးတို့အား ရွေးချယ်တင်မြှောက်ခဲ့ကြပြီး မော်လမြိုင်ခရိုင်၊ ဓာတ်မြေဩဇာအစားထိုးထုတ်ကုန် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများအသင်းကို အဖွဲ့ဝင် (၁၀) ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)