Main menu

အ.ထ.က (ရွာလွတ်) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

Powered by Drupal

မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၇.၁၂.၂၀၂၂ ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် ချောင်းဆုံမြို့နယ် အ.ထ.က (ရွာလွတ်) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမွန်စံမှ အဖွင့်အမှာစကားပြောကြားခြင်း စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဒုဦးစီးမှူး ဒေါ်ခင်ကြည်က မိတ်ဆက်စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှ လက်ရှိဆောင်ရွက်နေသောလုပ်ငန်းတာဝန်များ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ အားဦးစွာရှင်းလင်းပြောကြားခြင်း၊ အငယ်တန်းစာရေး ဒေါ်ယွန်းမီမီဖူးဝေက စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များအကြောင်း ရှင်းလင်းပြောကြားခြင်း၊ အငယ်တန်းစာရေး ဒေါ်အေးမြင့်မြတ်ထက်က ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်သည့် အကြောင်းအရာများ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက်တက်ရောက်လာသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများက စားသုံးသူကာကွယ်ပေးရေးအကြောင်းအရာနှင့်ပတ်သက်၍ သိလိုသည့်မေးမြန်း ချက်များအပေါ် အပြန်အလှန်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၈၃) ဦး တက်ရောက်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးထံသို့ အသိပညာပေးလက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)