Main menu

မြိတ်မြို့ရှိ စားအုန်းဆီရောင်းချနေသော အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာနသည် ဒေသတွင်း စားသုံးဆီများဖူလုံစေရေး ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်မှ စားအုန်းဆီသတ်မှတ်ရည်ညွှန်းဈေးနှုန်းများ ချမှတ်ပေးလျက်ရှိရာ ၂၀၂၆ခုနှစ်၊ ဧပြီလ (၂၃)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ် ဆေးရေးဦးစီးဌာန၊ဗဟိုစာရင်းအင်းအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီး ဌာနနှင့်ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့သည် မြိတ်မြို့၊ ဆိပ်ငယ်ရပ်သို့ သွားရောက်၍ စားအုန်း ဆီများ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချနေခြင်းရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်း များဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်မြို့အတွင်း စားအုန်းဆီရောင်းချနေသော အရောင်းဆိုင် များ၌ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ဗီနှိုင်းများကပ်၍ ရောင်းချနေကြောင်းသိရှိရပြီး လက်ကား ကိုယ်စားလှယ်များမှ ရရှိကြောင်း၊ မြိတ်မြို့တွင်သယ်ယူပို့ဆောင်စရိတ်နှင့် ၂ ရာခိုင်နှုန်းပေါင်း၍ ရောင်းချကြောင်း သိရှိရပြီး ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းများဖြင့် ရောင်းချရန်နှင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းမျိုးမဖြစ်ပေါ်စေရေး ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရှိရပါ သည်။

DOCA(တနင်္သာရီ)