Main menu

အစားအသောက်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်ခြင်း

Powered by Drupal

    ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့၊ နံနက် ၁၁:၃၀ နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးနေဝေယံဦး(လ/ထ ညွှန်ကြားရေးမှူး) နှင့်ဝန်ထမ်း (၅) ဦးတို့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်သာယာ (ဈေးများဌာန)၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) တို့နှင့်ပူးပေါင်း၍ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်း ဈေးအတွင်းရှိ စားသောက်ဆိုင်သို့ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။           

 အဆိုပါကွင်းဆင်းစစ်ဆေးခဲ့ရာတွင် အစားအသောက် ပြုပြင်ရောင်းချသည့် နေရာများ သန့်ရှင်းမှုရှိ/ မရှိ ၊ အစားအသောက် ကိုင်တွယ်ချက်ပြုတ်သူများ၊ ဝန်ဆောင်မှုပေးသူများ၊ တစ်ကိုယ် ရည်သန့်ရှင်းမှု ရှိ/ မရှိ  အသားငါး၊ ဟင်းသီးဟင်းရွက်များ စနစ်တကျထားသိုမှုရှိ/ မရှိ၊ အစား အသောက် သည် စားသုံးသူပြည်သူ များအား ကျန်းမာရေးကိုအဓိကကျသောအချက်ဖြစ်သောကြောင့် သန့်ရှင်း သပ်ရပ်စွာ ချက်ပြုတ်ရောင်းချ ရမည်ဖြစ်ကြောင်း၊ အမှိုက်ပုံးများကို စနစ်တကျဖုံးအုပ်ထားရန်၊ ဟင်းချက် စဉ်အသုံးပြုရမည့် ဝတ်စားဆင်ယင်မှုများကိုလည်း ပြုလုပ်ရမှာဖြစ်ကြောင်း ဈေးနှုန်းများ ကိုလည်း ပွင့်လင်းမြင်သာစွာ ကြိုတင်အသိပေးဖော်ပြထားရန်လိုအပ်ကြောင်းနှင့် စားသောက်ဆိုင်များ သည် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများအား လုံလောက်သည့် သတင်း အချက်အလက်များကို အသိပေးဖော်ပြထားရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ပြည်ထောင်စုနယ်မြေ)