
(၁၀.၄.၂၀၂၆) ရက်နေ့ နံနက်(၉:၃၀)အချိန်တွင် ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်း ဝန် ဆောင်မှုလုပ်ငန်း လိုင်စင်ရရှိထားသည့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ကော့ သောင်းမြို့နယ်အတွင်းရှိ ရွှေဆိုင်(၅)ဆိုင်များအား တိုင်းဒေသကြီးစိစစ်ရေးအဖွဲ့၊ အဖွဲ့ဝင် တိုင်း ဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှူး ဦးစိုးဦး ဦးဆောင်သော ခရိုင်စိစစ်ရေးအဖွဲ့မှ ကွင်းဆင်း စစ်ဆေးခြင်းများဆောင်ရွက်ခဲ့သည်ဟု သိရှိရပါသည်။
အဆိုပါစိစစ်ရေးအဖွဲ့၏ ခွင့်ပြုမိန့်ရ ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း လိုင်စင် ရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိ၊ စံချိန် စံညွှန်းကိုက်ညီမှုရှိ သည့် ရွှေကိုသာ ရောင်းချခြင်း ရှိ/မရှိ၊ အခွန်ထမ်းဆောင်ခြင်း ရှိ/မရှိ၊ လုပ်ကိုင်ခွင့်ရရှိသည့်နေရာ တွင် ရောင်းချခြင်း ရှိ/မရှိ၊ စည်ပင်သာယာရေးအဖွဲ့ လုပ်ငန်းလိုင်စင် ရှိ/မရှိ၊ အွန်လိုင်းဖြစ် ရောင်း ဝယ်ခြင်းများ ရှိ/မရှိ၊ အခွန်ပြေစာ အမှတ်တံဆိပ်များ ဝယ်ယူသုံးစွဲ၊ လက်ကျန်စာရင်းများ စနစ် တကျထားရှိခြင်း ရှိ/မရှိ၊ ဝယ်/ရောင်းပြေစာများတွင် လိပ်စာများပြည့်စုံစွာထည့်သွင်းရေးသား ထားမှု ရှိ/မရှိ၊ အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန အိမ်ခြံမြေနှင့် အဖိုးတန်သတ္တု(ရွှေ)ရောင်းဝယ် သူများဆိုင်ရာကြီးကြပ်ရေးအာဏာပိုင်အဖွဲ့၏ အသိမှတ်ပြု မှတ်ပုံတင်လက်မှတ်လျှောက်ထား ခြင်း ရှိ/မရှိ တို့အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး အဆိုပါ ခွင့်ပြုမိန့်ရ ရွှေဆိုင်များအား ခွင့် ပြုမိန့်ပါ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိစေရေး မှာကြားခဲ့ကြောင်း သိရှိရ ပါသည်။
DOCA(တနင်္သာရီ)
