Main menu

“လားရှိုးမြို့ရှိ ကုန်စုံဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း”

Powered by Drupal

              ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး၊ လားရှိုးမြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဖြစ်သည့် ဈေးကွက်စောင့်ကြည့်စစ်ဆေးလုပ်ငန်းများဆောင်ရွက်ရာတွင် မိမိတို့ဌာနမှဦးဆောင်၍ မိတ်ဖက် ဌာနများဖြစ်သည့် ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ အထွေ‌ထွေအုပ်ချုပ်ရေးဦးစီး ဌာနတို့ ဖြင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါသည်။

        လားရှိုးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်း ရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ် ကင်းရှင်းစွာအသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှပပျောက် သွားစေရေးတို့အတွက် (၂၀၂၆ - ၂၀၂၇) ဘဏ္ဍာနှစ်၊ ဧပြီလအတွင်းတွင် ဦးစားပေးဆောင်ရွက်ရန် သတ်မှတ်ထားသော  ကုန်စည် (၁၀) မျိုးတွင်ပါဝင်သည့် အသင့်သောက်အချိုရည်အမျိုးမျိုး တို့အား ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့ နံနက် ( ၁၀ : ၀၀ ) အချိန်တွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)