
နေပြည်တော်၊ ဧပြီလ ၃၀
စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူ စားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေး နိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။
စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီ တင်ပို့သည့်နိုင်ငံများ၏စျေးနှုန်းအတက်အကျပေါ်မူတည်၍ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။
ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင်ဈေးကွက် နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ၂၀၂၆ခုနှစ်၊မေလ ၁ရက်နေ့မှ၇ရက်နေ့အထိ ရန်ကုန်အထိုင်ဈေးအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာစားအုန်းဆီ တစ်ပိဿာလျှင်ငွေကျပ်7,၃၈၀ဖြစ်ကြောင်းစားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန် ကြေညာထားကြောင်း သိရှိရပါသည်။
စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်းထုတ်ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများ အနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov. mm၊Facebook Pageနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တို့တွင်ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်းသိရှိရပါသည်။
သတင်းစဉ်
