
စားသုံးသူရေးရာဦးစီးဌာန၊ ပြည်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် မိတ်ဖက်ဌာနဆိုင်ရာ များဖြစ်ကြသည့် ခရိုင်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများပါဝင်သော မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ (၂၀.၄.၂၀၂၆)ရက်နေ့၊ နံနက်(၉:၃၀)နာရီ အချိန်တွင် ပြည်မြို့၊ ကျောင်းကြီးအိုးတန်းရပ်ကွက်အတွင်းရှိ အစားအသောက်ဝန်ဆောင်မှုလုပ်ငန်း များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
အဖွဲ့အနေဖြင့် ကွင်းဆင်းစစ်ဆေးရေးတွင် စားသောက်ဆိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များ အနေဖြင့် အစားအသောက်များကို ဖုန်မဝင်၊ ယင်မနားအောင် ကာကွယ်ထားရန် ရှိမှု ရှိ/မရှိ ပြင်ဆင်ချက်ပြုတ်ပြီး ပူပူနွေးနွေးတည့်ခင်းပေးမှုရှိ/မရှိ ချက်ချင်းတည်ခင်းခြင်းမရှိပါက သင့်တော် သောအပူချိန်တွင် ထားသိုမှုရှိ/မရှိ အစားအသောက်များကို လက်ဖြင့်ကိုင်တွယ်တို့ထိ စမ်းသပ်ခြင်း မပြုစေရန် အသားစိမ်း၊ ငါးစိမ်း၊ ခုတ်ထစ်သော စဉ်နှီတုံး၊ ဓါးအိုးခွက်များကို သီးသန့်ထားမှု ရှိ/မရှိ အစားအသောက်အတွက် ခွင့်ပြုထားသော အစာဆိုးဆေး၊ တာရှည်ခံဆေး၊ ဟင်းခတ် အမွှေးအကြိုင်များကို စနစ်တကျသုံးစွဲမှု ရှိ/မရှိအား စားသောက်ဆိုင်စစ်ဆေးခြင်း (Check List)များဖြင့် မှတ်တမ်းယူစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)
