Main menu

ကံမမြို့နယ်ကျေးရွာများမှထွက်ရှိသည့်ဆောင်းပဲတီစိမ်းနှင့် မတ်ပဲဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

          ကံမမြို့နယ်တောင်ချောင်းဘက်ရှိ ကျေးရွာများဖြစ်သော လိမ်ဒုံး၊ ပြောင်ကျ၊ ပယ်ကျ၊ ဒန်းကိုင်း၊ ထန်းတပင်၊ ရွှေစင်၊ အလယ်ရွာ စသည့်ကျေးရွာများမှ ထွက်ရှိသည့် ပဲမျိုးစုံသီးနှံ များအနက် ဆောင်းသီးနှံပဲတီစိမ်းများ ပေါ်ထွက်လျက်ရှိပါသည်။ ပဲတီစိမ်း(၃၀)ပိဿာဝင် တစ်အိတ် လျှင် ဒီဇင်ဘာလ (ပထမ)ပတ်တွင် ကျပ်(၆၉၀၀၀)ဖြစ်ပြီး၊ ယခု ဒီဇင်ဘာလ(ဒုတိယ)ပတ်တွင် ကျပ်(၆၇၅၀၀)ဖြစ်၍ ကျပ်(၁၅၀၀)ဈေးလျော့ကျခဲ့ကြောင်း၊ တစ်ပတ်လျှင် အိတ်(၇၀ မှ ၈၀)ခန့်အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းနှင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့သို့တင်ပို့ရောင်းချပါကြောင်း ကံမမြို့ပေါ်ရှိကုန်သည်တစ်ဦးထံမှ သိရပါသည်။

           မတ်ပဲ(အသစ်)မှာ (၃၀)ပိဿာဝင် တစ်အိတ်လျှင် ယခင်အပတ် ကျပ်(၇၉၅၀၀)ဖြစ်ပြီး၊ ယခုအပတ်တွင် ကျပ်(၈၁၀၀၀)ဖြစ်၍ ကျပ်(၁၅၀၀)ဈေးနှုန်းတက်ခဲ့ကြောင်းနှင့် တစ်ပတ်လျှင် အိတ်(၄၀ မှ ၅၀)ခန့်ထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်သည်တစ်ဦးထံမှ သိရပါသည်။

DOCA(မကွေး)