Main menu

ဈေးကွက်မရောက်မီ ကုန်စည်များအား ထုတ်ကုန်လုံခြုံစိတ်ရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး နှင့် ဝန်ထမ်းများသည် ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်း ဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူများ နေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်း ရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ ဈေးကွက် မရောက်မီ ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိ ပါသည်။ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဆောင် ရွက်လျက်ရှိပါသည်။

     ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် FDA၊ မြို့နယ်စည်ပင် သာယာ ရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၂၇.၄.၂၀၂၆)ရက်နေ့တွင် ပခုက္ကူမြို့ပေါ်ရှိ သောက်ရေ သန့်လုပ်ငန်းရှင်၏များမှ ထုတ်လုပ်သည့် ကုန်စည်များတွင် ကုန် အညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့်စပ်လျဉ်း၍ ပြည့်စုံစွာထည့်သွင်းဖော်ပြရန် ဈေးကွက်မရောက် မီစောင့်ကြည့်စစ်ဆေး ခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များမှ မိမိတို့ ထုတ်ပိုးသော ကုန်စည်များ၌ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံစွာ ဖော်ပြရန် အသိပညာပေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံ ချက်ပေးခြင်းဆိုင်ရာအချက် အလက်များနှင့် ကုန်စည်များအား ဈေးကွက် အတွင်း ဖြန့်ဖြူး ရောင်းချရာတွင် ကုန်အညွှန်းပြည့်စုံသည့် တံဆိပ်များကိုသာထည့်၍ ရောင်းချရန် လိုအပ်ကြောင်း ဒု-ခရိုင်ဦးစီးမှူးက ဆွေးနွေးခဲ့ပြီး အလုပ်ရုံ၏ လုပ်ငန်းလည်ပတ်နေမှုအား လေ့လာခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(မကွေး)