Main menu

ဥပဒေပါအချက်များ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

      စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများကိုသိရှိပြီး စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်နိုင်စေရန် ထိန်းကျောင်းပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ  ဒီဇင်ဘာလ(၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးကျေးရွာရှိ သိန်းဇော် ကိတ်မုန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင်  ဒု-ခရိုင်ဦစီးမှူးမှ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များထုတ်လုပ်သည့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက် မရောက်မီကုန်စည်နှင့် ဈေးကွက်ရောက်ပြီးကုန်စည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းအနေဖြင့်  စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူးရောင်းချကြရန်လိုအပ်ကြောင်း၊  ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၁/၂၀၁၉)ပါအကြောင်းအရာများ၊  ကုန်စည်ကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ဌာန၏အတည်ပြုချက်ရယူနိုင်ရေး ဆောင်ရွက်ကြရန်လိုအပ်သဖြင့် ကိတ်နှင့်မုန့်မျိုးစုံတွင် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများကို ရှင်းလင်း ဆွေးနွေးပြီး ပြည်သူတိုင်းသည် စားသုံးသူဖြစ်သဖြင့် စားသုံးသူများသိသင့်သည့် စားသုံးသူအခွင့်အရေး (၈)ချက်နှင့်  စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်သည့် အကြောင်းများ၊  စားသုံးသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်  ဌာနနှင့်ပတ်သက်သော သတင်း အချက်အလက်များကို အလွယ်တကူမေးမြန်းစုံစမ်းနိုင်ရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲ ရာတွင် နစ်နာဆုံးရှုံးမှုများကြုံရပါက ဌာနသို့အလွယ်တကူတိုင်ကြားနိုင်ရန်၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားအပါအဝင် လိုက်နာဆောင်ရွက်ရမည့်အချက်များကို စုံစမ်းနိုင်ရန်ရည်ရွယ်၍ ဌာနအနေဖြင့် Consumer Call Center ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ Consumer Call Centerနံပါတ် ၁၅၃၅ သို့ ရုံးဖွင့်ရက်ရုံးချိန် အတွင်း မည်သည့် Operator Ph No. ကဖြစ်စေခေါ်ဆို၍ သိရှိလိုသည်များကို စုံစမ်းမေးမြန်းနိုင်သည့်အကြောင်းများ ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)