
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး၏ ကြီးကြပ်ကွပ်ကဲ မှုအောက်ရှိ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဂန့်ဂေါမြို့နယ်တာဝန်ခံ၊ ဒု-ဦးစီးမှူး ဒေါ်ဇာဇာချိုဦးသည် (၂၂.၄.၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ဂန့်ဂေါမြို့၊ စည်ပင်သာယာရပ်ကွက်ရှိ “ကောင်းမွန်” မုန့်မျိုးစုံလုပ်ငန်းရှင်ထံသို့ သွားရောက်၍ ကုန်အမှတ်တံဆိပ်ပြည့်စုံစွာပါဝင်ရေး အသိ ပညာပေးဆွေးနွေးခဲ့ပါသည်။
စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်းဖြင့် ဈေးကွက်အတွင်းရှိ မိမိတို့ ထုတ်ကုန်များမှာ စားသုံးသူများအား ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ အာမခံချက်ပေးခြင်း၊ သတင်းအချက် အလက် များ၊ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းခြင်းတို့ကြောင့် စားသုံးသူများအနေဖြင့် စီးပွားရေး လုပ်ငန်းရှင်များ အပေါ် ယုံကြည်မှုများရရှိလာပြီး အကျိုးစီးပွားပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း၊ စီးပွားရေး လုပ်ငန်းရှင် ၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်သည့် ဥပဒေပြဌါန်းချက် များ၊ စီမံခန့်ခွဲရေး နည်းလမ်းအရ အရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှု ပြစ်ဒဏ်များအကြောင်း သိရှိလိုက်နာစေရန် ဆွေးနွေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များသည် ကုန် အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံမှန်ကန်မှုရှိ/မရှိ၊ ကုန်အမှတ်တံဆိပ် စစ်ဆေး ခွင့်ပြုချက်များအား မိမိတို့ဌာနသို့ တင်ပြစိစစ် လျှောက်ထားနိုင်ကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များ တွေ့ရှိလာပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်သဖြင့် စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ပေးစေလိုကြောင်း အသေးစိတ်ဆွေးနွေးခဲ့ကြောင်း သိရှိရပါ သည်။
DOCA(မကွေး)
