
စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသည် စျေးကွက်အတွင်း တရားမဝင်သောက်ရေသန့်များ ဖြန့်ဖြူးရောင်းချမှုမရှိစေရေး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမတွင် မိတ္ထီလာမြို့ နယ်အတွင်းရှိ သောက်ရေသန့်လုပ်ငန်းရှင်များနှင့်အား ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ရက်နေ့ နေ့လည် (၁၄း၀၀) နာရီချိန်တွင် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။
ခရိုင်ဦးစီးမှူးမှ ရေသည်လူတို့၏နေ့စဉ်ဘဝတွင်မရှိမဖြစ်အရေးပါသောအခန်းကဏ္ဍတွင် ပါဝင် နေသည့်အတွက် လူတို့နေ့စဉ်သောက်သုံးရန် ထုတ်လုပ်နေသော သောက်ရေသန့်စက်ရုံများသည် စားသုံးသူများဘေး အန္တရာယ်ကင်းရှင်းရေးအတွက် သက်ဆိုင်ရာဌာနများ၏ အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ကြရန်လိုအပ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာ ဖြင့်ပြည့်စုံစွာ ဖော်ပြရန်ဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်မှ ကုန်အညွှန်းအမှတ်အသားထည့်သွင်းလိုကြောင်း တင်ပြလာရာ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များပါ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။ DOCA(မန္တလေး)
