
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ရမည်းသင်းနှင့် ပျော်ဘွယ်မြို့နယ်တာဝန်ခံ ဦးစန်းအောင်(ဒုဦးစီးမှူး)နှင့်ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း ၍(၉.၄.၂၀၂၆)ရက်နေ့ (၁၀း၃၀)အချိန် တွင် ရမည်းသင်းနှင့်ပျော်ဘွယ်မြို့နယ် မြို့မဈေးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံမှ စားသုံးဆီရောင်းချသည့် လက်လီ/ လက်ကား ကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍ မိမိတို့ရရှိသည့် ဆီခွဲတမ်းအလိုက် စားသုံးသူ ပြည်သူများ လက်ဝယ်သို့ သတ်မှတ်ပမာဏ/အရေအတွက်အတိုင်း ရည်ညွှန်းဈေးနှုန်းများဖြင့် မှန်မှန်ကန်ကန် ဖြန့်ဖြူးရောင်းချနေမှုရှိ/မရှိ၊ ဆီအရောင်းဆိုင်များတွင် ရောင်းချသည့်ဈေးနှုန်းများ၊ ရက်စွဲများ ရေးသားထားသည့်ဗီနိုင်းများအား ပြည်သူများမြင်သာသောနေရာတွင် သိသာထင်ရှားစွာ ချိတ်ဆွဲထားရန်၊ စားအုန်းဆီလက်လီ/လက်ကားကိုယ်စားလှယ်များမှ ထုတ်ယူရမည့်ဆီခွဲတမ်း အလိုက် အမှန်တကယ်ထုတ်ယူရရှိမှု ရှိ/မရှိ ရရှိသောဆီခွဲတမ်းများအား စာရင်းမှန်၊ အချိန်မှန်၊ ဈေးနှုန်း မှန်၊ အရေအတွက်မှန်၊ အချိန်အတွယ်မှန်၊ အရည်အသွေးမှန်စသည့်(၆)မှန်အတိုင်း လိုက်နာဆောင်ရွက် ရောင်းချသွားရန် ကွင်းဆင်းစစ်ဆေးများဆောင်ရွက်ခဲ့ပါသည်။
DOCA(မန္တလေး)
