Main menu

 “ လားရှိုးမြို့တွင် ဈေးကွက်မရောက်မီကုန်စည်များ ဈေးကွက်စောင့်ကြည့်စစ်ဆေး ”

Powered by Drupal

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယ ပြည်နယ်ဦးစီးမှူးရုံး၊ လားရှိုးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်း ဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင်ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ လားရှိုးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် မိတ်ဖက်ဌာနများဖြစ်သော စည်ပင်သာယာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့ နှင့်ပူးပေါင်း၍ (၂၈.၄.၂၀၂၆) ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် လားရှိုးမြို့၊ အမှတ်(၂) ရပ်ကွက်ရှိ Light ပေါင်မုန့်နှင့် ကိတ်မုန့်လုပ်ငန်းအား ဈေးကွက်မရောက်မီ ကုန်စည်များ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

           ထိုသို့ဈေးကွက်မရောက်မီကုန်စည်များ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ၌ Light ပေါင်မုန့်၊ ကိတ်မုန့်မျိုးစုံလုပ်ငန်းမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် မုန့်အချို့တွင် ကုန်အညွန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် စစ်ဆေးရေးအရာရှိက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/ ၂၀၁၉)ပါ အကြောင်းများ၊ အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရမည့်အကြောင်းများ၊  Online Sale မှတ်ပုံတင်ခြင်း အကြောင်းများ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို သိရှိလိုပါက Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများ  ရှင်းလင်းဆွေးနွေး ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)