Main menu

ကလေးမြို့ပေါ်ရှိ စိုက်ပျိုးရေးပစ္စည်း၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များ ကွင်းဆင်းစစ်ဆေး

Powered by Drupal

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်း ( ၁၇.၁၂.၂၀၂၂ ) ရက်နေ့က စားသုံးသူရေးရာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍  ကလေးမြို့ပေါ်ရှိ အောင်သစ္စာရပ်ကွက်နှင့် အောင်ဇေယျရပ်ကွက်အတွင်းရှိ စိုက်ပျိုးရေးပစ္စည်း၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

              ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ကုန်ညွှန်း အမှတ်အသားများ ပြည့်စုံစွာပါရှိသည့် ပစ္စည်းများကိုသာရောင်းချရန်နှင့် သက်တမ်း လွန်များ ရောင်းချခြင်းမပြုရန်နှင့် စိုက်ပျိုးရေးဦးစီးဌာနမှ မိမိတို့ဌာနမှ ခွင့်ပြုပေးသည့် လိုင်စင်များ သက်တမ်းကာလ ကုန်ဆုံးခြင်းရှိ/မရှိနှင့် မိမိတို့ဌာနမှ သတ်မှတ်ထုတ်ပြန်ထားသည့် ဥပဒေအကြောင်းအရာများနှင့် ပတ်သက်၍ ရောင်းချသည့်ဆိုင်ပိုင်ရှင်များအား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

          ဆိုင်ပိုင်ရှင်များအနေဖြင့်လည်း တရားဝင်ကုမ္ပဏီများမှတဆင့် ဝယ်ယူရောင်းချလျက်ရှိပါကြောင်းနှင့် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်တားမြစ်ထားသည့် ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ ရောင်းချခြင်းမရှိပါကြောင်း ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)