Main menu

တမူးမြို့နယ် စော်ဘွား-၁ရပ်ကွက် (အ.ထ.က -၂ ) တွင် စားသုံးသူအသိပညာပေးဟောပြော

Powered by Drupal

       ( ၅.၁၂.၂၀၂၂ ) ရက်နေ့၊ နံနက် ( ၁၀:၀၀ )နာရီအချိန်တွင် တမူးမြို့နယ်တာဝန်ခံ ဉီးစွမ်းရည် (ဉီးစီးမှူး)နှင့် ဝန်ထမ်းများသည် စော်ဘွား-၁ ရပ်ကွက်ရှိ (အ.ထ.က- ၂ )ကျောင်းသို့  သွားရောက်၍ စားသုံးသူအသိပညာပေး ဟောပြောခဲ့ပါသည်။

        အဆိုပါဟောပြောပွဲ၌ စော်ဘွား-၁ ရပ်ကွက်ရှိ ( အ.ထ.က -၂ )ကျောင်းမှ ကျောင်းအုပ်ကြီး ဦးဝင်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ  ဉီးစီးအရာရှိ ဒေါ်သန်းထိုက်အောင်က မိမိတို့ဌာန၏  လက်ရှိလုပ်ငန်းဆောင်ရွက်မှုအခြေအနေများ ကျောင်းသား/ကျေင်းသူများ၊ စာပေများလေ့လာဖတ်ရှုသင့်ကြောင်း အလိမ္မာစာမှာရှိဆိုသကဲ့သို့ စာပေလေ့လာခြင်းအားဖြင့် မိမိတို့၏ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများကို စာပေလေ့လာခြင်းအားဖြင့် သိရှိလာကြမှာဖြစ်ပါကြောင်းနှင့် တမူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဉီးစွမ်းရည်က အစားအသောက်များကိုဝယ်ယူရာတွင် သတိပြုရမည့်အကြောင်းအရာများ၊ စားသုံးသူကာကွယ်ပေးရေး လုပ်ငန်းများကို ပြည်သူများလက်လမ်းမှီစေရေးအတွက် ရည်ရွယ်၍ စားသုံးသူအဖွဲ့ငယ်များ၊ ကျောင်းများ၊ ဈေးများ၊ ရပ်ကွက်များတွင် ဖွဲ့စည်းထားရှိမှုခြေအနေများ၊ စားသုံးသူရေးရာဉီးစီးဌာန၏ ဥပဒေအကြောင်းအရာများကို အသိပညာပေးဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိရပါသည်။

DOCA(စစ်ကိုင်း)