
စားသုံးသူတို့၏ အခွင့်အရေးနှင့်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောမှုကို ၂၀၂၆ခုနှစ်၊ မေလ(၁၁)ရက်နေ့၊ နံနက်(၁၁:၀၀)အချိန်တွင် ကလောမြို့နယ်၊ ဇောတိစံပြကျေးရွာရှိ စားသုံးသူပြည်သူများအား စားသုံးသူတို့၏ အခွင့်အရေးနှင့်တာဝန်များအကြောင်း ပိုမိုသိမြင်စေရန် အတွက် အသိပညာပေးဟောပြောဆွေနွေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံး(အောင်ပန်း)မှ ခရိုင်ဦးစီးမှူး ဦးမြင့်နိုင်က စားသုံးသူတို့၏ အခွင့်အရေးနှင့်တာဝန်များအား အကျယ်တဝင့် ပြောကြား မှုကို ဆောင်ရွက်ခဲ့ပြီး လုံခြုံစိတ်ချစား သုံးသူဘဝ ဆိုသည့်ဆောင်ပုဒ်နှင့်အညီ စားသုံးသူပြည်သူတို့၏ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဌာန၏ကြိုးပမ်းဆောင်ရွက်နေမှုများ၊ စားသုံးသူတို့ နစ်နာမှု များနှင့် ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ခဲ့မှုများကို ပြောကြားခဲ့ပါသည်။ ဟောပြောပွဲအတွင်းရှိ ပြည်သူများကို မိမိတို့ကိုယ်တိုင်သည်လည်း စားသုံးသူများဖြစ်သည့်အတွက် စားသုံးသူအခွင့်အရေး ဆိုင်ရာ နစ်နာမှုများတစ်စုံတစ်ရာ ဖြစ်ပွားလာပါက Consumer Call Center(၁၅၃၅)ကိုလည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ဆွေနွေးပြောကြားခဲ့ပြီး ဟောပြောပွဲသို့ စုစုပေါင်း(၂၅)ဦးတက် ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)
