စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု အသိပညာ မျှဝေဆွေးနွေးခြင်း Thursday Talkကို (၂)ပတ်တစ်ကြိမ် ကျင်းပပြုလုပ်လျှက်ရှိပါသည်။ ၈-၁၂-၂၀၂၂ ရက်နေ့ နေ့လယ် (၂း၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများအကြောင်းသိကောင်းစရာများကို ဆွေးနွေးဆောင်ရွက်ခဲ့ရာ စုစုပေါင်း ဝန်ထမ်း(၃၃)ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါ Thursday Talkတွင် တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က ဌာန၏ရည်မှန်း ချက်တာဝန်များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများ စနစ်ကျရေးသည် အရေးကြီးကြောင်း အမှာစကားပြောကြားပါသည်။ ထို့နောက် ငွေစာရင်းတာဝန်ခံ ဒေါ်ဝေဝေ(ဦးစီးအရာရှိ)က ရသုံးမှန်းခြေငွေစာရင်း အဓိပ္ပာယ်၊ မူလခန့်မှန်းခြေစာရင်း၊ ပြုပြင်ပြီးခန့်မှန်းခြေ၊ ရသုံးမှန်းခြေငွေစာရင်းရေးဆွဲခြင်း၊ ရန်ပုံငွေ/ DL တောင်းခံရာတွင် သုံးစွဲရန်များ၊ ရန်ပုံငွေပြန်လည်အပ်နှံခြင်း၊ ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း၊ ရငွေ/ သုံးငွေအမျိုးအစားများ၊ ရငွေများ၊ အသုံးစရိတ်များ၊ ရငွေများနှင့် စပ်လျဉ်းသည့် ယေဘုယျစည်းမျဉ်းများ၊ အသုံးစရိတ်များစီစစ်ပေးချေခြင်းများ၊ ငွေစာရင်းထိန်းသိမ်းရေးနည်းလမ်းများ(ဌစပုံစံများ)အကြောင်း အကျယ်တဝင့် ဆွေးနွေးပါသည်။ တက်ရောက်လာသော ဝန်ထမ်းများမှလည်း သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)