Main menu

လောဓမ္မရပ်ကွက်အတွင်းရှိ အချိုရည်အမျိုးမျိုးရောင်းချနေသော လက္ကားကုန်စုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

               စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သစ္စာဖူး(ဦးစီးအရာရှိ) ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ မေလ( ၁၂ ) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ လောဓမ္မရပ်ကွက်အတွင်းရှိ အချိုရည်အမျိုးမျိုးရောင်းချနေသော လက္ကားကုန်စုံဆိုင်များသို့ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ (/၂၀၁၉)ပါကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ရာ ကုန်စုံဆိုင်များ၌ရောင်းချနေသောအချိုရည်များမှာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) ပါကုန်စည်များတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖော်ပြထားသောကုန်စည်များကိုသာ တင်သွင်းရောင်းချကြရန်၊ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသည့်အချိုရည်များကိုသာ ရောင်းချကြရန်၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ကြရန်နှင့် တရားမဝင် ကုန်စည်များရောင်းချခြင်း၏ဆိုးကျိုးများအား အသိပညာပေး ဈေးကွက်စောင့်ကြည့် စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း  သတင်းရရှိပါသည်။

DOCA(ကယား)