Main menu

အင်းတော်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး၊ စားသုံးသူရေးရာဦးစီးဌာနသည် ပြည်သူများ လုံခြုံစိတ်ချရသော ကုန်စည်များသုံးစွဲနိုင်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါအချက်များအား သိရှိစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-ခုနှစ် ဒီဇင်ဘာ(၆)ရက်နေ့တွင် စားသုံးသူ ရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူး၏ လမ်းညွန်မှုအရ ဒု-ခရိုင်ဦးစီးမှူး ဦးကြည်နိုင်ဦးနှင့် မြို့နယ် တာဝန်ခံတို့သည် အင်းတော်မြို့၊ အောင်ဇေယျရပ်ကွက်ရှိ ရေတွင်းကုန်း အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

      အသိပညာပေးဟောပြောပွဲတွင် ဒု-ခရိုင်ဦးစီးမှူးမှ မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှ တရားဝင်ထုတ်ပြန်ထားသော တားမြစ်စားသောက်ကုန်များ၊ မြန်မာစာဖြင့် ကုန်ညွှန်းအမှတ်အသား ပြည့်စုံစွာမပါရှိသော စားသောက်ကုန်များနှင့် သက်တမ်းကုန်ဆုံးနေသော စားသောက်ကုန်များအား ဝယ်ယူစားသုံးခြင်းမပြုရန်အသိပညာပေးခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေတွင် ပါဝင်သည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်အလက်များ၊ စားသုံးသူအခွင့်အရေးများအား ရှင်းလင်းဆွေးနွေးခြင်းနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ(CICC) ဌာနများမှတစ်ဆင့် တိုင်ကြားနိုင်ကြောင်း၊ ထို့ပြင် DOCA Myanmar Mobile Application၊ Consumer Call Center 1535 တို့မှလည်း တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဆရာ/ဆရာမ (၄၀)ဦးနှင့် ကျောင်းသား/ကျောင်းသူ(၂၀၇) ဦး စုစုပေါင်း (၂၄၇)ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအား စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)