
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ငွေစာရင်းတာဝန်ခံဒု-ဦးစီးမှူး ဒေါ်တင်တင်မော် သည် (၁၀.၅.၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၄:၀၀)အချိန်တွင် ပခုက္ကူမြို့၊ အမှတ် (၁၅) ရပ်ကွက်ရှိ “ဗညားသူရ” မုန့်ဟင်းခါးဖတ် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ မုန့်ဖတ်လုပ်ကိုင်ပုံအဆင့်ဆင့် နှင့် ဈေးနှုန်း၊ ဈေးကွက်များမေးမြန်းခဲ့ပါသည်။
လုပ်ငန်းရှင်မှ မုန့်ဖတ်လုပ်ငန်း လုပ်ကိုင်ပုံအဆင့်အဆင့်ကို ရှင်းလင်းရာ ပထမဦးစွာ ကုန်ကြမ်း ဆန်ကို မနောသုခဆန်(ဆန်လတ်)ကိုအသုံးပြုကြောင်း၊ ဆန်ကို (၂)နာရီခန့် ရေစိမ်ပြီး ကြိတ်ကြောင်း၊ ထွက်ရှိလာသော မုန့်အရည်ကို တစ်ညထားပြီး အိတ်ထဲသို့ ထည့်၍ နောက်တစ်ည ထပ်မံထားရှိကြောင်း၊ မုန့်နှစ်များ မာသွားပြီးလျှင် မွှေစက်ထဲသို့ထည့်၍ သမအောင်မွှေပြီး ညှစ်စက်ထဲသို့ ထည့်ကာ မိမိ လိုချင်သော မုန့်ဖတ်ဆိုဒ်(မုန့်တီ၊ နန်းသေး၊ နန်းလတ်၊ အာပူနန်း)ဟူ၍ အရွယ်အစားအမျိုးမျိုး ထုတ် လုပ်ကြောင်း၊မနောသုခ(ဆန်လတ်)(၂၄)ပြည်ပါ တစ်အိတ်လျှင် ကျပ်(၇၀၀၀၀)ဖြင့် မြို့ပေါ် ဆန်ပွဲရုံများမှ ဝယ်ယူရပြီး ဆန်တစ်အိတ်လျှင် မုန့်ဖတ်(၆၅)ပိဿာ ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် မုန့်ဖတ် တစ်ပိဿာလျှင် လက်လီဈေး ကျပ်(၂၈၀၀)၊ လက်ကားဈေး ကျပ်(၂၂၀၀) ဖြင့် ပခုက္ကူမြို့မဈေးနှင့် ရပ်ကွက်အတွင်းရှိ စားသောက်ဆိုင်(ခေါက်ဆွဲ/အသုပ်စုံ)ဆိုင်များသို့ ရောင်းချကြောင်း၊ လုပ်သား ဦးရေ(၆)ဦးရှိပြီး ကျား(၃)ဦး၊ မ(၃)ဦးရှိကြောင်း၊ လုပ်သားခမှာ ကျားတစ်ဦးလျှင် ကျပ်(၁၀၀၀၀)၊ မတစ်ဦး လျှင် ကျပ်(၆၀၀၀)ပေးရကြောင်း၊ တစ်နေ့လျှင် ဆန်(၄)အိတ် အသုံးပြု ထုတ်လုပ်ရပြီး မုန့်ဖတ်ထွက်ရှိမှု မှာ ပိဿာချိန်(၂၆၀)ထွက်ရှိကြောင်း၊ လုပ်ငန်းရှင်အသားတင် အကျိုးအမြတ်မှာ တစ်ရက်လျှင် ကျပ် (၉၀၀၀၀-၁၀၀၀၀၀)ခန့် ကျန်ရှိကြောင်း လုပ်ငန်းရှင် ဦးဗညား၏ ပြောပြချက်အရ သိရှိရပါသည်။
DOCA(မကွေး)
