Main menu

စားအုန်းဆီလက်ကားကိုယ်စားလှယ်များနှင့် ဆီဖြန့်ဖြူးမှုဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးသည် ၁၄.၅.၂၀၂၆ ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် နေပြည်တော်ဦးစီးမှူးရုံး၊ အစည်း အဝေးခန်းမ၌ ပျဉ်းမနားခရိုင်နှင့် လယ်ဝေးခရိုင်အတွင်းရှိ စားအုန်းဆီလက်ကားကိုယ်စားလှယ် များအား ပြည်သူများသို့ ဆီဖြန့်ဖြူးရောင်းချသည့် စည်းကမ်းသတ်မှတ်ချက်များ၊ ပြည်သူ လက်ဝယ်ရောက်ရှိနိုင်ရေး၊ ကြီးကြပ်ဆောင်ရွက်ရန် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နေပြည်တော်ဦးစီးမှူးက စားသုံးသူပြည်သူ များသို့ စားအုန်းဆီများ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေး ထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဆီဖြန့်ဖြူးရောင်းချရာတွင် အိမ်ထောင်စုများသို့ ကျယ်ကျယ်ပြန့်ပြန့်လွှမ်းခြုံမှု အားကောင်းစေရေး၊ သတ်မှတ်ကာလအတွင်း သတ်မှတ်ပမာဏ ကိုသတ်မှတ်ဈေးနှုန်းဖြင့်အရည်အသွေး၊ အလေးချိန်ပြည့်ဝစွာ ပြည်သူများသို့ဖြန့်ဖြူးရောင်းချ စေရေးတို့ကို ဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်(၁၉)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)