Main menu

မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်၊ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင်ရောင်းချနေသော ဟင်းချက်အမွေးကြိုင်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိမရှိ ကွင်းဆင်းစိစစ်

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တာဝန်ခံဦးအောင်မိုး သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍(၁၂-၅-၂၀၂၆)ရက်နေ့ နံနက်(၁၀:၃၀)နာရီက ဝါးခယ်မမြို့မဈေး အတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော ဟင်းချက်အမွေးကြိုင်ခရုဆီ၊ မဆလာကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက် ပြည့်စုံခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

                     ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံမှ  မြို့မဈေးတွင်ရောင်းချနေသော  ဟင်းချက် အမွေးကြိုင်ခရုဆီ၊ မဆလာကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ပြည့်စုံမှုရှိမရှိစစ်ဆေးခဲ့ပြီး၊ ကုန်မျိုးစုံ ဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာ ဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေရေးသားဖော်ပြရမည် ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအားလိုက်နာ ဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသောကုန်စည်များတွင်ကုန်အညွှန်းအမှတ်အသားဖော်ပြချက်၊ ပြည့်စုံမှုရှိမရှိအား ဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရှိရပါသည်။   

  (DOCA ဧရာဝတီ)