Main menu

မင်းကင်းမြို့နယ်၊ အင်းတောင်းကျေးရွာရှိ (မူလတန်း)ကျောင်းတွင် စားသုံးသူအသိပညာပေးဟောပြော

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်တာဝန်ခံ ဦးဝင်းမင်းဦး (အကြီးတန်းစာရေး)သည် ( ၉.၁၂.၂၀၂၂ ) ရက်နေ့၊ နံနက် ( ၁၀:၀၀ )နာရီအချိန်တွင် အင်းတောင်းကျေးရွာရှိ ( မူလတန်း )ကျောင်းသို့  သွားရောက်၍ စားသုံးသူအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

        အဆိုပါဟောပြောပွဲ၌ အင်းတောင်းကျေးရွာရှိ ( မူလတန်း )ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်နှင်းနွယ်မှ အဖွင့်အမှာစကားပြောကြားပြီး  မင်းကင်းမြို့နယ် တာဝန်ခံ စားသုံးသူရေးရာဦးစီးဌာနမှ (အကြီးတန်း) ဦးဝင်းမင်းဦးက ကုန်စည်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ သိသင့်သိထိုက်သည့် အကြောင်းအရာများ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းအရာများ၊ ကုန်ပစ္စည်းများ၊ ဝယ်ယူအသုံးပြုရာတွင်  သတိပြုရမည့်အကြောင်းအရာများအား အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး  ဆရာ/ဆရာမ (၅) ဉီး၊ ကျောင်းသား/ကျောင်းသူ (၅၅)ဉီး စုစုပေါင်း (၆၀) ဉီး တက်ရောက်ခဲ့ကြောင်း သတင်းရရှိရပါသည်။

DOCA(စစ်ကိုင်း)