
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဝင်းသိန်းဦး ဦးဆောင်၍ ရုံးအကူ ဦးရန်ငြိမ်းအောင်တို့သည် ၂၁-၅-၂၀၂၆ ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ နောင်စွန်းရပ်ကွက်ရှိ တော်ဝင် (ဆေးဆိုင်) သို့ သွားရောက်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်ပြီး စားသုံးသူ ကာကွယ်ရေးဥပဒေပါပြဋ္ဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ အန်ပိုဗစ်အေဒီ အမှတ်တံဆိပ်ပါ အမြင်အာရုံနှင့် အရိုး အတွက် ဗီတာမင်Aနှင့်D ပါဝင်သောအားဆေးတောင့်သည် ဆရာဝန် ညွှန်ကြားချက်မလိုသော အိမ်သုံး ဆေးဝါးသောက်ဆေးအမျိုးမျိုးတို့တွင် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ် အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဘေးထွက် ဆိုးကျိုးနှင့် ကြိုတင်သတိပေးချက်တို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆေးဆိုင်လုပ်ငန်းရှင်အား ဆေးပစ္စည်းအမျိုးမျိုး ဖြန့်ဖြူးရောင်းချရာတွင်လည်း မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိသော ဆေးပစ္စည်းများကိုသာ ဝယ်ယူဖြန့်ဖြူး ရောင်းချရန်နှင့် ဆင်တူးရိုးမှား အတုအပအမှတ်တံဆိပ်များ ဝယ်ယူရောင်းချခြင်း မပြုရန်တို့ကို အသိ ပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ ကြောင်း သတင်းရရှိပါသည်။
DOCA(ကချင်)
