Main menu

  “အောင်ချမ်းငြိမ်း” မုန်.မျိုးစုံလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

        ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးရုံးမှ ခရိုင်ဦးစီးမှူးနှင့် မုံရွာမြို့နယ်တာဝန်ခံ စစ်ဆေးရေးအရာရှိတို့သည် မုံရွာမြို့၊ သလ္လာအမှတ် (၉) ရပ်ကွက်ရှိ အောင်ချမ်းငြိမ်း မုန့်မျိုးစုံလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ကုန်ကြမ်းရရှိမှု၊ ကုန်ချောထုတ်လုပ်မှု၊ ဈေးကွက်အခြေအနေ၊ လက်ရှိရင်ဆိုင်နေရသော အခက်အခဲများမေးမြန်းဆွေးနွေးခဲ့ပြီးနောက် ထုတ်လုပ်သောကုန်ပစ္စည်းများ၏ ကုန်အညွှန်းအမှတ်အသားဖော်ပြမှုနှင့် စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဥပဒေအား ၂၀၁၉ ခုနှစ်တွင် အသစ်ပြန်လည်ပြဌာန်းခဲ့ကြောင်း၊ ၎င်းဥပဒေတွင် စားသုံးသူအခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များနှင့် အခန်း (၁၈) တွင် ပြဌာန်းထားသော ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ၌ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်တစ်ခုကိုထုတ်လုပ်ရာတွင် ကုန်စည်၏တံဆိပ်အမှတ်အသား၊ အမျိုးအမည်၊ အရွယ် အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ထုတ်လုပ်မှုအမှတ်စဉ်၊ ထုတ်လုပ်သည့်လုပ်ငန်းအမည်နှင့် လိပ်စာ၊ ထုတ်လုပ်သည့်နေရာ၊ ပါဝင်သောကုန်ကြမ်းပစ္စည်းများ၏ အမျိုးအမည်နှင့် ပမာဏ၊ပါဝင်မှုအချိုးအစား၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ သက်ဆိုင်ရာအစိုးရဌာနများက ဖော်ပြရန်သတ်မှတ်ထားသောအချက်အလက်များ ထည့်သွင်းဖော်ပြရန်နှင့် ကုန်အညွှန်းအမှတ်အသားလျှောက်ထားလိုပါက မိမိတို့ဌာနနှင့် ဆက်သွယ်နိုင်ကြောင်း ပြောကြားခဲ့ပြီးနောက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)