Main menu

ရွှေဘိုမြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်

Powered by Drupal

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောက်ရွက်ရမည့်စီမံချက်များ ချမှတ်၍ဆောင်ရွက်လျက်ရှိရာ (၉.၁၂.၂၀၂၂)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ် (၂)ရပ်ကွက်၊ ပြင်ဈေးရပ်ရှိ အမှတ်(၅)၊ အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

         အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးနေမိုးကိုကိုမှ အဖွင့်အမှာစကားပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဒေါ်နှင်းနှင်းခိုင်မှ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ပြဌာန်းထားပြီး အခန်းပေါင်း(၂၅)ခန်းနှင့် ပုဒ်မပေါင်း (၈၄)ခုပါဝင်ကြောင်း၊ ဥပဒေပါ စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ဥပဒေ၏ ရည်ရွယ်ချက်များ၊ စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းအကြောင်းများ၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများရှိပါ တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများ၊ ဌာနနှင့်သက်ဆိုင်သောအကြောင်းများကို မေးမြန်းစုံမ်းနိုင်သည့် Consumer Call Centerအကြောင်း၊ တိုင်ကြားစာများကို စိစစ်ညှိနှိုင်းဖြေရှင်းပေးသည့် အကြောင်းများ ရှင်းလင်းဆွေးနွေးခဲ့ပြီး ရွှေဘိုမြို့နယ်တာဝန်ခံ ဦးသန့်ဇော်လင်းမှ စားသုံးသူရေးရာဦးစီးဌာန၏ Vision၊ Mission များ၊ ဌာနမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ရာ ဆရာ/ဆရာမ(၁၀)ဦးနှင့် ကျောင်သား/ကျောင်းသူ(၁၉၀)ဦး၊ စုစုပေါင်း(၂၀၀)ဦး တက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်(၂၀၀)စောင် ဖြန့်ဝေခဲ့ပါသည်။

       အခြေခံပညာကျောင်းများတွင် စားသုံးသူကာကွယ်ရေး အသိပညာပေဟောပြောပွဲ ဆောင်ရွက်ခြင်းဖြင့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်များ၊ စားသုံးသူအခွင့်အရေးများကို သိရှိပြီးတောင်းဆိုတတ်လာနိုင်ခြင်း၊ ကုန်စည်ကို ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများကို သိရှိ၍ ရွေးချယ်ဝယ်ယူတတ်လာနိုင်ခြင်း ဦးစီးဌာန၏ Vision၊ Mission များ၊ ဌာနမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအကြောင်းကို သိရှိလာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိလာနိုင်ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)