Main menu

အ.မ.က(၃)စာသင်ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)သည် ၈.၈.၂၀၂၂ ရက်နေ့ ၁၁:၀၀နာရီမှ ၁၂:၀၀နာရီအချိန်ထိ ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ကျေးရွာရှိ အ.မ.က(၃) စာသင်ကျောင်းတွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါဟောပြောရာတွင် ဦးဘောမ်ဇုန်း(ရုံးအုပ်)မှ စားသုံးသူကာကွယ်ရေးဥပဒေ၏ အဓိပ္ပါယ်ဖော်ပြချက်များမှ စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေး ဝမ်းကျောင်းပြုရန်မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်း ကောင်း၊အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည် ချေးငှားခြင်းပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကို ဆိုလိုကြောင်း၊ ကျောင်းသား/ကျောင်းသူများအား အသင့်စားအစားအစာအမျိုးမျိုးတို့ကို ဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့်ရက်စွဲနှင့်သက်တမ်းကုန်ဆုံးသည့်ရက်စွဲများအဓိကထားဖတ်ရှုရမည်ဖြစ်ကြောင်းတို့အား နမူနာပစ္စည်း များဖြင့် ခင်းကျင်းပြသကာ အသိပညာပေးဟောပြောခဲ့ပါသည်။ ထို့နောက် ဆရာ/ဆရာမများနှင့်အတူ ကျောင်းမုန့်ဈေးဆိုင်များအား ဘေးအန္တရာယ်ရှိသည့်  အစားအစာများ ရောင်းချမှု ရှိ မရှိ  စစ်ဆေးဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ အသိပညာပေး ဟောပြောပွဲသို့ ဆရာ/ဆရာမ(၆)ဦးနှင့် ကျောင်းသား/ကျောင်းသူ (၅၀)ဦး ၊ စုစုပေါင်း (၅၆)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကချင်)