Main menu

မအူပင်ခရိုင် အတွင်းရှိ ဓါတ်မြေဩဇာဆိုင်များသို့  ပူးပေါင်းစစ်ဆေးရေးအဖွဲ့နှင့်အတူ ကွင်းဆင်းစစ်ဆေး

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ မအူပင်မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ (၅.၁၂.၂၀၂၂၀) ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီ အချိန်တွင် မအူပင်မြို့အတွင်းရှိ စိုက်ပျိုးရေးသုံး ဓါတ်မြေဩဇာဆိုင်(၈)ဆိုင်သို့ သွားရောက်၍  ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း ရှိ/ မရှိနှင့် အမှတ်တံဆိပ် ဖော်ပြထားခြင်းမရှိသော စိုက်ပျိုးရေးသုံးပစ္စည်းများကို ရောင်းချမှု ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          ကွင်းဆင်းစစ်ဆေးမှုတွင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ မအူပင်မြို့ရှိ ဓါတ်မြေဩဇာ ရောင်းချနေသော ဆိုင်ရှင်များအား မိမိတို့ရောင်းချနေသော မြေဩဇာများတွင် သက်ဆိုင်ရာဌာနတို့၏ ထောက်ခံချက်နှင့် ခွင်ပြုချက်များပါဝင်သော ကုန်စည်များကိုရောင်းချရန်၊ စားသုံးသူရေးရာဦးစီးဌာနကလည်း စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော ကုန်ပစ္စည်းများသာ ဈေးကွက်အတွင်း ရောင်းချကြရန်၊  အရည်အသွေး မပြည့်မီသော၊ ဈေးနှုန်းသက်သာ၍ ထောက်ခံချက်များ မပါဝင်သော ကုန်စည်များမရောင်းချရန် မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို စားသုံးသူ ကာကွယ်ရေး ဥပဒေပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပါက  ပုဒ်မ ၇၃ အရ အရေးယူခြင်းကို ခံယူမည်ဖြစ်ကြောင်းနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့တို့ကလည်း သက်ဆိုင်ရာဌာနတို့၏ ဥပဒေတို့ဖြင့် အရေးယူဆောင်ရွက်နိုင်ကြောင်းကို  သိရှိနားလည်ပြီး လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း မှတ်တမ်းတင်လက်မှတ်ရေးထိုးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)