Main menu

အာလူးအစုအဖွဲ့(ဟဲဟိုး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံး(အောင်ပန်း)မှ ခရိုင်ဦးစီးမှူး ဦးမြင့်နိုင် သည် ပြည်သူ့အစိုးရသစ်၏ ရက်(၁၀၀)စီမံချက် အစီအစဉ်ဖြင့်ကလောမြို့နယ်၊ဟဲဟိုးမြို့ရှိအာလူးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့(ဟဲဟိုး)နှင့်တွေ့ဆုံဆွေးနွေးမှုအား (၂.၆.၂၀၂၆) ရက်နေ့၊ နံနက်(၁၀၀၀)နာရီအချိန်တွင် ဟဲဟိုးမြို့ရှိ အာလူးအသင်းရုံတွင် ကျင်းပခဲ့ပါသည်။

          ထိုသို့ ညှိနှိုင်းဆောင်ရွက်ရာတွင် အာလူးအစုအဖွဲ့(ဟဲဟိုး)၏ လုပ်ငန်းဆောင်ရွက်မှုအခြေအ နေများ၊ အသင်းဝင်များ၏ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချမှု အခြေအနေများ၊ လုပ်ငန်းဆောင်ရွက်မှု နှင့်ပတ်သက်သော အခက်အခဲများ၊ အာလူးစိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်များကို မေးမြန်းခဲ့ပြီး အကြံပြုဆွေးနွေးခြင်းများပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် အာလူးအစုအဖွဲ့(ဟဲဟိုး)မှ အသင်းအဖွဲ့ဥက္ကဌနှင့် အသင်းဝင်များ(၁၅)ဦးတက်ရောက်၍ ဆွေးနွေး၊ ပေါင်းစပ်ညှိနှိုင်းခြင်းများ ဆောင်ရွက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)