Main menu

မြင်းခြံတက္ကသိုလ်တွင် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း တက်ရောက်နေသည့် ဆရာ/ဆရာမများအားအသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

             မြင်းခြံခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သည့် တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုသင်တန်းအား တက်ရောက်နေသော သင်တန်းသား/သင်တန်းသူ ဆရာ/ ဆရာမများအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာများကို  မြင်းခြံ တက္ကသိုလ်ရှိ Theatre ခန်းမ၌ ၂၈.၅.၂၀၂၆ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် မြင်းခြံခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး(ဦးစီးအရာရှိ)က အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          အသိပညာ‌ပေးဆွေးနွေးရာတွင် စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်များ၊ နစ်နာ ဆုံးရှုံးမှု၏အဓိပ္ပာယ်နှင့် ကုန်စည်အမျိုးအစားအလိုက်ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ် အသားများကို ပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြနိုင်ရေးအတွက် လုပ်ငန်းရှင်များ၏ ထုတ်ကုန်ပစ္စည်း များပေါ်တွင် မဖြစ်မနေဖော်ပြရန်လိုအပ်သည့် ကုန်အညွှန်းအမှတ်အသားများကို ကုန်စည်နမူနာများ ပြသ၍ ရှင်းလင်းဆွေးနွေးခြင်း၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့်ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုသို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်းတို့ကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသော သင်တန်းသား/ သင်တန်းသူများမှ သိရှိလိုသည့်အချက်များအားမေးမြန်းဆွေးနွေးရာ ဒု-ခရိုင်ဦးစီးမှူးမှ ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်းနှင့် ကုန်အညွှန်းအမှတ်ဖော်ပြချက် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး အဆိုပါသင်တန်းသို့ ဌာနဆိုင်ရာမှဝန်ထမ်းများနှင့် သင်တန်းသား/ သင်တန်းသူ စုစုပေါင်း(၃၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး