Main menu

မိတ္ထီလာခရိုင် သောက်ရေသန့်လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲကျင်းပ

Powered by Drupal

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၌  မိတ္ထီလာခရိုင်တွင်းရှိ သောက်ရေသန့်လုပ်ငန်းများအား တရားဝင်လိုင်စင်ခွင့်ပြုချက်ဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေးနှင့်စပ်လျဉ်း၍  သောက်ရေသန့်လုပ်ငန်းရှင် များနှင့်တွေ့ဆုံဆွေးနွေးပွဲကို မေလ ၂၃ ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် ကျင်းပခဲ့ရာ စားသုံးသူ ရေးရာဦီးစီးဌာန ခရိုင်ဦီးစီးမှူး၊ အစားအသောက်နှင့်ဆေးဝါးကွက်ကဲရေးဦီးစီးဌာန ခရိုင်တာဝန်ခံ၊ ဦီးစီးအရာရှိ မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့်သောက်ရေသန့်လုပ်ငန်းရှင်(၃၀)ဦီး တက် ရောက်ခဲ့ပါသည်။

          ရှေးဦီးစွာ စားသုံးသူရေးရာဦီးစီးဌာန၊ မိတ္ထီလာခရိုင်ဦီးစီးမှူး ဦီးဇော်မင်း က သောက်ရေသန့် လုပ်ငန်းရှင်များအား တရားဝင်လုပ်ငန်းလိုင်စင်ခွင့်ပြုချက်ဖြင့် ဖြန့်ဖြူးရောင်းချရန်နှင့် အစား အသောက်နှင့်ဆေးဝါးကွက်ကဲရေးဦီးစီးဌာနမှ ခွင့်ပြုထားသောလိုင်စင်များ၊ မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့မှ ခွင့်ပြုထားသောလိုင်စင်များ သက်တမ်းကုန်ဆုံးနေပါက သက်ဆိုင်ရာဌာနများတွင် အမြန်ဆုံးသက်တမ်းတိုးဆောင်ရွက်ကြရန် ၊တရားဝင်လိုင်စင်ခွင့်ပြုချက်လျှောက်ထားဆဲလုပ်ငန်း များမှ ခွင့်ပြုချက်မရမီ ထုတ်လုပ်ဖြန့်ဖြူးခြင်းမပြုရန်နှင့် တရားဝင်လိုင်စင်ခွင့်ပြုချက်မရှိဘဲ ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းမပြု ရန်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

          ထိုနောက် အစားအသောက်နှင့်ဆေးဝါးကွက်ကဲရေးဦီးစီးဌာန၊ ခရိုင်တာဝန်ခံ ဦီးယဉ်မောင်ဦီး က  သောက်ရေသန့်သည် လူတို့၏ကျန်းမာရေးတွင် အရေးပါသော အစားအသောက် တစ်ခုဖြစ် ကြောင်း၊ ရေနှင့်ဆီကိုထိန်းချုပ်အစားအသောက်အဖြစ်ထုတ်ပြန်ထားကြောင်း၊ တရားဝင်လိုင်စင် မရှိဘဲ ထုတ်လုပ်ရောင်းချခြင်း၊ သက်တမ်းကုန်ဆုံးနေပြီးထုတ်လုပ်ရောင်းချခြင်းများ စိစစ်တွေ့ရှိပါက ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လိုင်စင်လျှောက်ထားခြင်း ၊သက်တမ်းတိုးခြင်း လုပ်ငန်းများအခက်အခဲရှိပါကကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များမှ ဌာနမှ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်သွားကြရန်လိုကြောင်းရှင်းလင်း ပြောကြားခဲ့ ပါသည်။

           ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦီးစီးအရာရှိ ဒေါ်ခိုင်ခိုင်ညွှန့်က စည်ပင်လုပ်ငန်း လိုင်စင်သက်တမ်းမှာ(၁)နှစ်ဖြစ်၍ နှစ်စဉ်မှန်မှန်သက်တမ်းတိုးဆောင်ရွက်ကြရန်လို ကြောင်းရှင်းလင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍တက်ရောက်လာသော သောက်ရေသန့်လုပ်ငန်းရှင်များမှ သိလိုသည်များ မေးမြန်းခဲ့ရာ  တာဝန်ရှိသူအသီးသီးက ပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။

DOCA(မန္တလေး)