Main menu

ဖြူးမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

         ဖြူးမြို့နယ်အတွင်းရှိ ကျောင်းသားကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အသိ ပညာပေးဟောပြောပွဲများကို အခြေခံပညာကျောင်းများတွင် ကျင်းပပြုလုပ်လျက်ရှိပါသည်။

         ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့နယ် အကြပ်အင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် ကျင်းပပြုလုပ်သည့် အသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများဖော်ပြရန် ဥပဒေတွင်ပြဌာန်းထားပါသဖြင့် ကုန်စည်များဝယ်ယူရာ တွင် ကုန်အညွှန်းအမှတ်အသားများကို ဦးစားပေးဖတ်ရှုသင့်ပုံများနှင့် ကုန်အညွှန်းအမှတ်အသား တွင် ညွှန်းဆိုထားသည့်အတိုင်း စားသောက်/သုံးစွဲကြရန် လိုအပ်ပုံများ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်းမရှိသော ကုန်စည်များသည် လုံခြုံစိတ်ချရသောကုန်စည်များ မဖြစ်နိုင်သည့်အတွက် စားသောက်/သုံးစွဲရန် မသင့်သည့်အကြောင်းများကို ဟောပြောပါသည်။

         အလားတူ ယင်းနေ့ မွန်းလွဲပိုင်းတွင် ဖြူးမြို့နယ် ကျော်လှကြီးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် အသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီး ဌာန၊ ဖြူးမြို့နယ်တာဝန်ခံရုံးမှ ဌာနခွဲစာရေး ဒေါ်ပပလင်းက စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီး/ပြည်နယ်ဦးစီး မှူးရုံးများနှင့် ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (CICC)များတွင်လည်းကောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၏ website ဖြစ်သော www.doca.gov.mm သို့ဝင်ရောက်၍လည်းကောင်း တိုင်ကြားနိုင်ခြင်းများကို ဟောပြောပါသည်။

       အကြပ်အင်း အခြေခံပညာအထက်တန်းကျောင်းခွဲ ဟောပြောပွဲသို့ ကျောင်းသား/ကျောင်း သူ ၃၆၀ ဦးနှင့် ကျော်လှကြီး အခြေခံပညာအထက်တန်းကျောင်း ဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူ ၂၅၅ ဦး တက်ရောက်ကြောင်း၊ မိတ်ဖက်ဌာနများဖြစ်သော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယညာဦးစီးဌာနတို့မှ တာဝန်ရှိသူများကလည်း သက်ဆိုင်ရာဌာနများအလိုက် ကျောင်းသားကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများကို ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)